အသားတွေနဲ့အားဖြည့်ဖန်တီးထားတဲ့ ခေါက်ဆွဲအရသာအစုံကို သုံးဆောင်နိုင်မယ့်….

ပြည့်ပြည့်ဝဝခေါက်ဆွဲအရသာတွေကို ပုံစံမျိုးစုံအရသာမျိုးစုံနဲ့ စားချင်ကြတဲ့ Foodies တို့အတွက်ခေါက်ဆွဲစုံနဲ့ အရသာရှိတဲ့စားဖွယ်ရာတွေကို ရရှိနိုင်မယ့်စကားဝါဆိုတဲ့ဆိုင်လေးကို လမ်းညွှန်ပေးချင်ပါတယ်။ လတ်ဆတ်ပြီးအာဟာရပြည့်ဝတဲ့ ဂျုံခေါက်ဆွဲတွေကို ကြက်၊ဝက်၊အမဲတို့ရဲ့ အဆီအနှစ်တွေနဲ့ပေါင်းစပ်ဖန်တီးထားပြီး ခေါက်ဆွဲသားရဲ့အရသာကို အားဖြည့်ထားတာကြောင့် အရသာကိုပိုမိုပေါ်လွင် ကောင်းမွန်စေတာဖြစ်ပါတယ်။

စကားဝါမှာတော့ အမဲသားရဲ့ချိုမြတဲ့အရသာကို အရသာတွေစိမ့်ထွက်လာအောင် အချိန်ကြာကြာပြုတ်ထားပြီး နူးညံ့တဲ့ခေါက်ဆွဲသားနဲ့ ပေါင်းစပ်ထားတာကြောင့်  အာဟာရပြည့်ဝမှုတွေကိုပေးစွမ်းနိုင်မယ့် အမဲသားစွပ်ပြုတ်ခေါက်ဆွဲ၊ နူးအိနေအောင်ပေါင်းထားတဲ့ ကြက်ခြေထောက်ပေါင်းတွေကို ခေါက်ဆွဲရဲ့နူးညံ့မှုတွေနဲ့ ပေါင်းစပ်ထားတာကြောင့် အရသာရှယ်တွေ့စေမယ့် ကြက်ခြေထောက်ခေါက်ဆွဲ၊ ဝက်သားလုံးကိုပုံဖော်တဲ့အချိန်ကတည်းက အရသာဖန်တီးပေါင်းစပ်မှုတွေ လက်ရာမြောက်လှတာကြောင့် ငါးဖယ်လုံးကိုကိုက်ကြည့်ရုံနဲ့ ရှယ်ခံတွင်းတွေ့သွားစေမယ့် ငါးဖယ်လုံးခေါက်ဆွဲ၊ စီးစီးပိုင်ပိုင်လေးနဲ့ ဆိမ့်သက်သက်အရသာလေးကို ထိထိမိမိခံစားရရှိစေနိုင်မယ့် ဂျုံဆီချက်ခေါက်ဆွဲ၊ ပါဝင်ပစ္စည်းတွေကို အစပ်အဟပ်တည့်အောင်ပေါင်းစပ်ထားတာကြောင့် အရသာတကကယ်တွေ့စေမယ့် ဆန်စီးနဲ့ဆန်ပြားခေါက်ဆွဲစတဲ့ ခေါက်ဆွဲမျိုးစုံကို အရသာမျိုးစုံနဲ့အတူ မြည်းစမ်းခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ထုပ်နံရိုးပေါင်း၊ ဝက်သားချဉ်၊ကြက်ဥကဇော်၊ ဖက်ထုပ်ကြော်၊မြေအိုးမြီးရှည် ၊ မိုင်းသာမြီးရှည်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အလှူမင်္ဂလာပွဲ ၊ မွေးနေ့ပွဲတွေအတွက် ကြက်ဆီထမင်းကိုလည်း ရှယ်အော်ဒါမှာလို့ရပါသေးတယ်။ အချိုတည်းလို့အရမ်းကောင်းသလို ကော်ဖီ/လက်ဖက်ရည်နဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင်လည်း လိုက်ဖက်ကောင်းမွန်တဲ့ ချိုချိုမွှေးမွှေးအရသာ ဒူးရင်းပိုးတီ၊ ပိန်းဥပိုးတီ ၊ ကန်စွန်းဥပိုးတီ ၊ ငှက်ပျောပိုးတီ ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းကလည်း ၁၅၀၀/၂၀၀၀ကျပ်လောက်သာကျသင့်ပြီး အရသာထူးခြားကောင်းမွန်တာကြောင့် မန္တလေးမြို့ကလူကြိုက်များတဲ့ဆိုင်လေးဖြစ်ပါတယ်။ စကားဝါဆိုင်ရဲ့လိပ်စာကတော့ (၆၄)လမ်း ၊ ခိုင်ရွှေဝါလမ်းထောင့် ၊ မန္တလေးမြို့ဖြစ်ပါတယ်။  ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ ည(၈)နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/စကားဝါခေါက်ဆွဲစုံနှင့်စားဖွယ်စုံ

Leave A Comment

Your email address will not be published. Required fields are marked *