(၆၀၀)ကျပ်ကနေစပြီး ရှမ်းရိုးရာအစားအသောက်တွေကို ဗိုက်ကားအောင်စားနိုင်မယ့်.. စိုင်းလုံ

ရောင်းအားကောင်းလွန်းလို့ ဆိုင်ခဏပိတ်ပြီးအစားအသောက်တွေ ထပ်ပြင်ဆင်ရတဲ့အထိ အစားတစ်လိုင်းတွေအသည်းစွဲနေတဲ့ ဆိုင်လေးအကြောင်းကို Foodies Navi ကနေ ဖောက်သည်ချပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ရှမ်းရိုးရာဟင်းထုပ်နဲ့ ရှမ်းရိုးရာအစားအသောက်တွေ စုံစုံလင်လင်ရနိုင်တဲ့ ” စိုင်းလုံ “ဟင်းထုပ်နှင့်ရှမ်းခေါက်ဆွဲဆိုင်လေးဖြစ်ပါတယ်။ အရသာကဆွဲဆောင်နိုင်သလို ဘတ်ဂျတ်တွက်စားရင်လည်း တကယ့်ကိုတန်တဲ့ဆိုင်လေးဖြစ်တာကြောင့် လူကြိတ်ကြိတ်တိုးနေတဲ့ဆိုင်လေးဖြစ်ပါတယ်။

 

စိုင်းလုံးမှာ လူကြိုက်အများဆုံးကတော့ ငါးထမင်းနယ်နဲ့ဟင်းထုပ်ပါ။ ရရှိနိုင်တာတွေကတော့ ရှမ်းခေါက်ဆွဲ ၊ နန်တုန် ၊ မုန်ညင်းချဉ်ထမင်းသုပ် ၊ ကွေ့သယို ၊ ပလာတူးငါးထောင်း ၊ ကြက်ခြေထောက်စွပ် ၊ ဝက်လက်စွပ် ၊ ခေါက်ဆင့်ပါထူး ၊ ဟင်းထုပ် ၊ မှိုထမင်းနယ် ၊ အာလူးထမင်းနယ် ၊ တို့ဟူးကြော်စတဲ့ အစားအသောက်တွေကို ရှမ်းရိုးရာအရသာစစ်စစ်နဲ့ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဟင်းထုပ်နဲ့တို့ဟူးကြော်တွေကို အော်ဒါမှာချင်ရင်လည်းရသေးတယ်နော်။

ဈေးနှုန်းကလည်း (၆၀၀)ကျပ်ကနေ (၂၀၀၀)လောက်ထိပဲရှိတာဆိုတော့ တန်ချက်ကတော့လက်ကုန်ပါပဲ။ အစားအသောက်တွေကို အချိုမှုန့် ၊ ကြက်သားမှုန့် အရောင်တင်မှုန့်တွေလုံးဝမသုံးဘဲ Vegetable Cooking Oil နဲ့ Dashi ငါးမှုန့်တွေပဲ အသုံးပြုပေးထားတာကြောင့် ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတယ်နော်။ ” စိုင်းလုံ ” ရဲ့လိပ်စာကတော့ လှည်းတန်း(၆)လမ်း ၊ လှိုင်မြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၉)နာရီအထိပဲဖြစ်ပါတယ်။ အစားတစ်လိုင်းတို့ အားပေးကြမ်းလွန်းလို့ စိုင်းလုံဆိုင်ကိုသွားစားမယ်ဆိုရင် လူကြိတ်ကြိတ်တိုးတာတော့ သည်းခံနိုင်ရမယ်နော်။

Image Source : www.facebook.com/စိုင်းလုံ

Leave A Comment

Your email address will not be published. Required fields are marked *