ပူနွေးလတ်ဆတ်တဲ့ နူးနူးညံ့ညံ့အရသာထူးကိုမြည်းစမ်းခံစားချင်ရင်တော့…………..

အစားအသောက်ဘုံဗိမ္မာန်ကြီးလို့ တင်စားရလောက်တဲ့ မန္တလေးမြို့တော်ကြီးမှာ စားသောက်ဆိုင်တွေမှိုလိုပေါက်နေပေမယ့် အစားတစ်လိုင်းတို့ခံတွင်းနဲ့ ထပ်တူကျစေမယ့်ဆိုင်လေးကိုတော့ သေချာရွေးချယ်ဖို့လိုမယ်နော်။ အဆာပြေပဲစားစား ၊ အဝပဲစားစား တကယ်ခံတွင်းတွေ့စေနိုင်ဖို့ အရေးကြီးတာကြောင့် Foodies Navi ကနေအစားအသောက်ကောင်းတွေရရှိနိုင်လို့ နာမည်ကောင်းတွေနဲ့ကျော်ကြားနေတဲ့ Saigyi Food & Drinks ဆိုတဲ့ဆိုင်လေးအကြောင်းကို လမ်းညွှန်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ အမှတ်(B-5) ၊ လမ်း(၃၀) (၆၄)လမ်းနှင့်(၆၅)လမ်းကြား၊မန္တလေးမြို့ဖြစ်ပါတယ်။

 

ဒီဆိုင်လေးမှာပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်ရရှိနိုင်တဲ့အစားအစာတွေကတော့ကြက်ထမင်းကြော်၊တုံယမ်းထမင်းကြော်၊ပသျှူးထမင်းကြော်၊စပိန်ထမင်းကြော်၊ဒံပေါက်ထမင်းကြော်၊ဝက်အူချောင်းထမင်းကြော်၊ပုဇွန်မွထောင်းထမင်းကြော်၊သုံးမျိုးသုံးဖော်ရှယ်ထမင်းကြော်၊ငါးခဲပတ်ကင်၊ငါးသံပုရာပေါင်း၊မာလာငါးပေါင်း၊ငါးခူချဉ်စော်ကားသီးမြေအိုး၊ဂျပန်တို့ဟူးမြေအိုး၊သီးဟုံတန်ပူရာ၊ဝက်ကြိတ်သားကန်စွန်းရွက်ကြော်၊ယိုးဒယားပဲကြာဇံသုပ်၊ပင်လယ်စာအစုံသုပ်၊နံကင်ရှူးရှဲသုပ်၊ဖီတန်သုပ်၊ကြံမဆိုင်ဟင်းရည်၊ငါးခူမျှစ်ချဉ်ဟင်းရည်၊ချင်းမိုင်လယ်သမားချက်ထမင်းဖြူ၊ဝက်နံရိုးချဉ်ငံကြါပ်ထမင်းဖြူ၊မာလာခေါက်ဆွဲကြော်၊ငါးအသားချေင်းကြော်၊အာလူးကတ်တလိပ်စတဲ့အစားအစာစုံစုံလင်လင်ကိုဖွယ်ဖွယ်ရာရာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

အရသာစိမ့်ဝင်နေတဲ့အသားနဲ့ အသီးအရွက်ကို ဆန်လုံးကောင်းတဲ့ထမင်းနဲ့ရောကြော်ပြီး အရသာဖန်တီးမှုပြောင်မြောက်လှတာကြောင့် အသီးအရွက်နဲ့အသားတွေရဲ့ အရသာတွေဟာ ထမင်းထဲမှာရောနှောပျော်ဝင်မှုဟာ ထမင်းကြော်ရဲ့မွှေးစိမ့်တဲ့အရသာကို နှစ်ဆတိုးစေပါတယ်။ လတ်ဆတ်တဲ့ငါးတွေကိုသာအသုံးပြုထားတာကြောင့် ငါးအသားလွှာလေးတွေဟာနူးနူးညံ့ညံ့ နွေးနွေးလေးနဲ့ကျစ်လျစ်လှတာကြောင့် စားကြည့်လိုက်ရုံနဲ့ထူးကဲမှုတွေကို မုချခံစားရရှိနိုင်မှာဖြစ်ပါတယ်။ အကြော်အလှော်တွေကိုလည်း ဆီကောင်းဆီသန့်နဲ့သာပြုလုပ်ထားတာကြောင့် ကျန်းမာရေးအတွက်လည်း စိတ်ချယုံကြည်စွာသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/saigyifoods&drinks

Leave A Comment

Your email address will not be published. Required fields are marked *