ကြက်သားကိုအသုံးပြုပြီး အရသာမျိုးစုံ ပုံဖော်ကြည့်ကြမယ်

အိမ်ရှင်မတို့ရဲ့မီးဖိုချောင်မှာ နေ့စဉ်နဲ့အမျှချက်ပြုတ်နေတဲ့ ဟင်းလျာတွေထဲမှာ မကြာခဏကြက်သားရောက်ရောက်လာတတ်ပါတယ်။ ခြေလေးချောင်းသားလည်းမဟုတ်သလို ဝက်အမဲရှောင်သူတွေအတွက် ထပ်ကာတလဲလဲချက်ရတဲ့ဟင်းလျာထဲ ကြက်သားကထိပ်ဆုံးကပါနေတာဆိုတော့ ကြက်သားကိုသုံးပြီး ဘယ်လိုအရသာရှိတဲ့ဟင်းလျာတွေကို ဖန်တီးနိုင်မလဲဆိုတာကို မင်မင်ကပြောပြပေးမယ်နော်။

(၁)-ကြက်ကာလသားဟင်း

ဆီပါဝင်မှုနည်းပါးသလို အရည်များများလေးမို့ လူတိုင်းနီးပါးကြိုက်တဲ့ဟင်းလျာလေးပါ။ ကြက်သားကိုအနေတော်အရွယ်တုံး ၊ ကြက်သားမှုန့် ၊ ဆားအနည်းငယ်တို့နဲ့နယ်ပြီး အိုးတစ်လုံးထဲထည့်ထားပါ။ အဲ့ဒီအိုးထဲကို ကြက်သွန်ဖြူ/နီထောင်း ၊ ငံပြာရည် ရေကိုမြုပ်သွားတဲ့အထိထည့်ပြီး  ဆူပွက်အောင်ချက်ပေးပါ။ အသားနူးတဲ့အထိချက်ပြီးရင်တော့  ဘူးသီးအနေတော်အရွယ်လှီးထားတာတွေထည့်ပါ။ ကိုယ်လိုချင်တဲ့ရေပမာဏထည့်ပြီး ဘူးသီးနူးတဲ့အထိချက်ပေးပါ။ ဒါဆိုရင်တော့ လူကြိုက်များတဲ့ ကြက်ကာလသားဟင်းရရှိပါပြီနော်။

(၂)-ကြက်သားသုပ်

ကြက်သားကို နနွင်းကြက်သားမှုန်းတို့နဲ့နယ်ပြီး နူးအောင်ပြုတ်ထားပါ။ နူးသွားရင်တော့ အနေတော်အရွယ်လေးတွေ မျှင်ပေးထားပါ။ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ နံနံပင်တွေကို ပါးပါးလှီးပြီးထည့် ၊ ငံပြာရည်နဲ့ အချိုမှုန့်အနည်းငယ်ထည့် ၊ ဆီချက်အနည်းငယ် ၊ သံပုရာသီးညှစ်ထည့်ပြီး နယ်လိုက်ရင်တော့ ကြက်သားသုပ်ကောင်းကောင်းလေးရပါပြီနော်။

 

(၃)-ကြက်သားမှိုအချိုချက်

ဒီဟင်းလျာချက်နည်းလေးကိုတော့ အောက်မှာပေးထားတဲ့ Link လေးမှာဝင်ကြည့်လို့ရပါတယ်နော်။

ဟင်းမယ်တစ်မျိုးထပ်တိုးစေဖို့ ကြက်သားမှိုအချိုချက်လေး လုပ်စားကြည့်ရအောင်..

(၄)-ကြက်သားဒုတ်ထိုး

ကြက်သားကို ဟင်းလျာတစ်မျိုးအနေနဲ့မချက်ပြုတ်ချင်ဘူးဆိုရင်တော့ ကြက်သားဒုတ်ထိုးလုပ်စားကြည့်ပါနော်။ ကြက်သားဒုတ်ထိုးပြုလုပ်တဲ့နည်းလေးကိုတော့ အောက်က Link လေးမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်နော်။

ခေါင်းကစလို့ အဆီဗူးအထိကိုစားလို့ကောင်းလွန်းတဲ့ ကြက်သားဒုတ်ထိုးလုပ်နည်း

(၅)-ကိုလာကြက်တောင်ပံကြော်

ကြက်သားရိုးရိုးတန်းတန်းကြော်လေးက လွယ်ကူလွန်းလို့အထွေအထူးပြောပြမနေတော့ဘဲ ကိုလာအရသာတွေစိမ့်ဝင်နေတဲ့ ကိုလာကြက်တောင်ပံကြော်ပြုလုပ်နည်းလေးကိုပဲဝေမျှပေးမယ်နော်။ ကိုလာကြက်တောင်ပံကြော်ပြုလုပ်နည်းကိုတော့ အောက်မှာပေးထားတဲ့ Link လေးထဲဝင်ကြည့်လို့ရပါတယ်နော်။

ကိုလာနံ့သင်းသင်းလေးမွှေးတဲ့ ကိုလာကြက်တောင်ပံကြော်လေး လုပ်စားရအောင်

ကဲ…ဒါဆိုရင်တော့ ကြက်သားကိုအသုံးပြုပြီး ဟင်းလျာချက်ပြုတ်နိုင်ဖို့ အကြံတစ်စိတ်တစ်ဒေသရသွားပြီဆိုတော့ အိမ်မှာကိုယ်တိုင်အပီအပြင်ချက်ပြုတ်ကြည့်လိုက်ရအောင်နော်။

Leave A Comment

Your email address will not be published. Required fields are marked *