(၁၀)မိနစ်အတွင်းအလွယ်တကူချက်ချင်းလုပ်စားလို့ရနိုင်မယ့်.. Hot Dog လုပ်နည်း

ချက်ချင်းလက်ငင်းကြီးဗိုက်ထဆာလာပြီဆိုရင် ဘာလုပ်စားရမလဲစဉ်းစားရခက်နေရင်တော့ (၁၀)မိနစ်အတွင်းအလွယ်တကူ လုပ်စားလို့ရတဲ့ Hot Dog လုပ်နည်းလေးကိုပြောပြပေးချင်ပါတယ်။ လုပ်နည်းလေးကလည်း လုံးဝ လုံးဝကိုလွယ်တာနော် ? ပါဝင်ပစ္စည်းတွေကလည်း ကြာရှည်ခံလေးတွေဆိုတော့ အချိန်မရွေးဆောင်ထားပြီး စိတ်ကူးပေါက်တဲ့အချိန် လုပ်စားလို့ကောင်းတဲ့နည်းလမ်းလေးပါနော်။

Hot Dog ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပေါင်မုန့်အရှည်(၁)လုံး
  • -ကြက်အူချောင်း(၁)ချောင်း
  • -မိယောနိစ် ထမင်းစားဇွန်း(၁)ဇွန်း
  • -ဆလပ်ရွက် (၁)ရွက်
  • -Tomato sauce ထမင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့

၁-ပေါင်မုန့်လေးကို မီးအပူလှည့်ပေးပြီး ကြက်အူချောင်းလေးကို ကြော်ထားပါ။

၂-ပေါင်မုန့်ကို အလယ်ကနေဓားနဲ့မွှန်းပေးပါ။

၃-ပြီးရင်တော့ ပေါင်မုန့်အလယ်လေးထဲမှာ မိယောနိစ်ကိုနှံ့အောင်သုတ်ပေးပြီး ဆလပ်ရွက်လေးကိုဖြန့်ပြီး ပေါင်မုန့်ကြားထဲမှာညှပ်ပေးပါ။

၄-ဆလပ်ရွက်အပေါ်ကနေ ကြက်အူချောင်းထပ်ညှပ်ပြီး အပေါ်ကနေ Tomato Sauce ထပ်သုတ်ပေးပါ။

အရမ်းများလွယ်သွားသလား Foodies တို့ရေ လွယ်ကူတယ်ဆိုပေမယ့် အထင်တော့မသေးလိုက်နဲ့နော်။ စားလို့လည်းရှယ်ကောင်းပဲ။ ရုတ်တရက်ဗိုက်ဆာလာလို့ကတော့ ချက်ချင်းသာလုပ်စားကြည့်လိုက်နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *