ကိုက်ဝါးလိုက်တိုင်း ဒူးရင်းသီးအနှစ်လေးတွေပေါက်ထွက်လာတဲ့ ဒူးရင်းသီးခေါင်းအုံးလေးလုပ်စားကြမယ်

ဒူးရင်းသီးရာသီလေးရောက်လာပြီဆိုတော့ ဒူးရင်းသီးအရသာကိုမှ သဲသဲမဲမဲကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတို့ကို အိအိစိစိအလွှာလေးတွေဖန်တီးပြီး ကိုက်ဝါးလိုက်တိုင်း ဒူးရင်းသီးအရသာတွေစိမ့်ထွက်ကျလာတဲ့ ဒူးရင်းသီးခေါင်းအုံးလေးလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။ ဆိုင်တွေမှာသွားဝယ်စားရင် တစ်ခုချင်းစီကိုတောင် ဈေးကြီးပေးရတဲ့ ဒူးရင်းသီးခေါင်းအုံးလေးတွေ အိမ်မှာတင်ပြုလုပ်နိုင်မယ့် နညးလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ဒူးရင်းသီးခေါင်းပုံးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဒူးရင်းသီး
  • -Ready-made Whipping Cream
  • -ကြက်ဥ
  • -ဂျုံမှုန့်
  • -နွားနို့
  • -အုန်းသီးမှုန့်
  • -ဆား
  • -သကြား
  • -Vanilla မှုန့်

ပထမဦးဆုံး ကြက်ဥ ၊ ဂျုံမှုန့် ၊ နွားနို့ ၊ ဆား ၊ Vanilla မှုန့် ၊ အုန်းသီးမှုန့် ၊ သကြားတို့ကိုရောထည့်ပြီး Blender မှာ မုန့်နှစ်ဖြစ်သွားအောင်ထည့်မွှေပေးပါ။   မုန့်နှစ်ဇွန်းခွက်ကြီးနဲ့တစ်ဇွန်းကိုခပ်ထည့်ပြီး ထောပတ်သုတ်ထားတဲ့ Non Stick Pan နဲ့ခပ်သွက်သွက်မွှေပြီး တိုရှည်လုပ်တဲ့ပုံစံမျိုးဝိုင်းဝိုင်းလေးလုပ်ပေးပါ။ Oven ထဲမှာထည့်ခဲပြီး ဘေးကိုဇွန်းပြားလေးနဲ့ ကလော်ပြီး ဗန်းထဲကိုမှောက်ချလိုက်ပါ။ အာ့နည်းအတိုင်း အဝိုင်းပြားလေးတွေလုပ်ပေးပါ။ ဒူးရင်းသီးကိုအခွံနွှာ အသားနွှင်ပြီး ချေပေးထားပါ။ ပြီးရင်တော့ တိုရှည်ပုံစံပြုလုပ်ထားတဲ့ မုန့်နှစ်အဝိုင်းတစ်ခုချင်းစီထဲကို Ready-made Whipping Cream ထည့် အပေါ်ကနေချေထားတဲ့ ဒူးရင်းသီးအနှစ်တွေထည့်ပြီး ခေါင်းအုံးပုံစံလေးခေါက်လိုက်ပါ။

Leave A Comment

Your email address will not be published. Required fields are marked *