ကမ္ဘာပေါ်မှာအလေးဆုံးဖြစ်တဲ့မျက်ခွံတွေကို အချဉ်စူးစူးရှောက်သီးသုပ်လေးစားပြီး ဖယ်ရှားကြမယ် ?

နေ့လည်နေ့ခင်းလေးများ မိုးသည်းသည်းမည်းမည်းရွာပြီဆို ရွှေမျက်လုံးတော်ကဒေါက်ထောက်ထားရမလို မှေးစင်းလာပြီဟုတ် ? ကမ္ဘာပေါ်ကအလေးဆုံးအရာကြီးကို ကုတ်ကော်ချနိုင်ဖို့က တော်ရုံစကေးနဲ့တော့မရနိုင်ဘူးရယ် ? မင်မင်တို့လို အစားအသောက်မီးလိုတောက်တဲ့ ဘော်ဒါအချင်းချင်းတွေပဲလိုက်မီနိုင်တာရယ် ? မှေးနေတဲ့မျက်ပေတုံးမျက်ခွံတွေကို အချဉ်စူးစူးအရသာဓာတ်တွေနဲ့ ပေါင်းစပ်ပြီးဇီးကွက်မျက်လုံးတွေဖြစ်အောင်ဖန်တီးပေးလို့ရတယ်နော်။ ဒီလိုဖန်တီးနိုင်ဖို့အတွက်က ရှောက်သီးသုပ်ချဉ်ချဉ်စပ်စပ်လေးသုပ်တတ်ဖို့ လိုသေးတာမို့ သုပ်နည်းလေးကိုဝေမျှပေးလိုက်မယ်နော်။

ရှောက်သီးသုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ –

  • -မနုမရင့်ရှောက်သီးတခြမ်း
  • -ကြက်သွန်နီ(၂)လုံး
  • -အချိုမှုန့်
  • -ငရုတ်သီးစိမ်း(၄)တောင့်
  • -ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ပုဇွန်ခြောက်ထောင်း ထမင်းစားဇွန်း(၁)ဇွန်း
  • -မြေပဲဆံ ထမင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့-

၁-ရှောက်သီးတခြမ်းကို အမွှာလေးတွေနွှင်ပြီး မသုပ်မချင်းရေစိမ်ထားပေးပါ။ အမွှာလေးတွေကို လုံးဝမညှစ်လိုက်ပါနဲ့။

၂-ကြက်သွန်နီပါးပါးလှီးပြီး ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလှီးပေးထားပါ။

၃-ပုဇွန်ခြောက်နဲ့မြေပဲဆံကိုလည်း မညက်တညက်လေးထောင်းပေးထားပါ။

၄-ပြီးရင်တော့ ဇလုံတစ်ခုထဲမှာ ရှောက်သီးအမွှာလေးတွေကိုရေစစ်ထည့်ပြီး ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ငံပြာရည် ၊ ပုဇွန်ခြောက်မှုန့် ၊ မြေပဲထောင်းတို့ကိုရောထည့်ပြီး မွမွလေးနယ်ပေးပါ။

ချဉ်ငံစပ်အရသာ စိတ်တိုင်းကျပြီဆိုရင်တော့ မျက်လုံးပြူးကျယ်သွားအောင်ကောင်းတဲ့ ရှောက်သီးသုပ်လေးကို အဆင်သင့်စားလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *