ဝက်ဆီဖတ်ချဉ်စပ်လေးသုပ်စားပြီး ဝက်သားရဲ့အနှစ်အရသာတွေခံစားကြည့်ရအောင်

အစားတစ်လိုင်းတို့အပေါ် ဝက်သားရဲ့လွှမ်းမိုးနိင်မှုကတော့ အံ့မခန်းပါပဲနော်။ လူကြိုက်များပြီး စားကောင်းတဲ့အစိတ်အပိုင်းတွေကို အလုအယက်သုံးဆောင်ကြသလို လူကြိုက်နည်းပါးတဲ့ ဝက်ဆီဖတ်ကိုတောင် ဝက်ဆီဖတ်ကြော်ပြုလုပ်ပြီး အစားတစ်လိုင်းကိုဆွဲဆောင်ထားနိုင်ပါ။ မင်မင်ကတော့ ဝက်ဆီဖတ်ဆို (၂)ဖတ် ၊ (၃)ဖတ်ထက်ပိုမစားဘူး ။ ဝက်ဆီဖတ်သုပ်ဆိုရင်တော့ အသေဆွဲပဲ။ ဝက်ဆီဖတ်ကို ချဉ်ချဉ်စပ်စပ်လေးသုပ်စားမယ်ဆို ဝက်ဆီဖတ်ရဲ့အအီအရသာတွေတောင် ပျောက်ထွက်သွားသလိုပဲ။ ဝက်သားရဲ့တကယ့်အနှစ်အရသာတွေခံစားရပြီး စားလို့တော်တော်ကောင်းတာမို့ ဝက်ဆီဖတ်သုပ်နည်းလေးကို ဝေမျှပေးမယ်နော်။

 

ဝက်ဆီဖတ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်ဆီဖတ်(၂၅)ကျပ်သား
  • -ကြက်သွန်နီ (၃)လုံး
  • -ငရုတ်သီးအကျက်မှုန့်
  • -ဂေါ်ဖီ
  • -ငံပြာရည်
  • -သံပုရာသီး
  • -ပဲမှုန့်

ပြုလုပ်ပုံကတော့-

၁-ဝက်ဆီဖတ်တွေကို အနေတော်အရွယ်လေးတွေညှပ်ပြီး ဇလုံတစ်လုံးထဲမှာထည့်ထားပါ။

၂-ကြက်သွန်နီနဲ့ဂေါ်ဖီကို ပါးပါးလှီးပေးပြီး ဝက်ဆီဖတ်ဇလုံထဲကိုထည့်ပါ။

၃-ပြီးရင်တော့ ငရုတ်သီးမှုန့် ၊ သံပုရာရည် ၊ ငံပြာရည်၊ အချိုမှုန့်အနည်းငယ် ၊ ပဲမှုန့်တို့ကိုရောထည့်ပြီး သမအောင်နယ်ပေးပါ။

အချိုအချဉ်အငံအစပ်စိတ်ကြိုက်တွေ့ပြီဆိုရင်တော့ ဝက်ဆီဖတ်ချဉ်ငံစပ်သုပ်လေး ရရှိပါပြီနော်။ သခွားသီးထည့်သုပ်မယ်ဆိုရင်လည်း ရပါတယ်နော်။ ကဲ…ဒီထက်လွယ်တဲ့နည်းတောင် ဒီလောက်လွယ်မှာမဟုတ်ဘူးနော်။ ဝက်သားအနှစ်အရသာတွေ တိတိပပခံစားနိုင်ဖို့ မြန်မြန်လေးသုပ်စားကြည့်လိုက်တော့နော်။

Leave A Comment

Your email address will not be published. Required fields are marked *