ထမင်းပေါင်းအိုးရှိရုံနဲ့ အရသာထူးခြားတဲ့ ကြက်ဆီထမင်းချက်စားလို့ရတယ်နော်

အလှူမင်္ဂလာပွဲတွေသွားတိုင်း အဝကြိတ်နေကြတဲ့ ကြက်ဆီထမင်းဆို အရမ်းကြိုက်ကြတယ်ဟုတ်။ သွေးမတိုးရင်မပူစေလို့ ဘယ်လောက်စားစားဘေးမဖြစ်စေဘဲ ကြက်သားအရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းလှတဲ့ ကြက်ဆီထမင်းကို အိမ်မှာလုပ်စားကြည့်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးပြောပြပေးမယ်နော်။ ထွေထွေထူထူးချက်နေစရာမလိုဘဲ လွယ်လင့်တကူလေးနဲ့ ကြက်ဆီထမင်းချက်နိုင်မှာဆိုတော့ စမ်းချက်စားဖို့အားခဲနေကြတဲ့ အစားတစ်လိုင်းတွေစိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်။

ကြက်ဆီထမင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝ်ပစ္စည်းတွေကတော့-

  • -ကြက်သား(၃၀)သား
  • -ရှမ်းဆန် နို့ဆီဗူး(၂)ဗူး
  • -ကြက်သွန်ဖြူ(၅)မွှာ
  • -ကြက်သွန်နီ(၃)လုံး
  • -ဂျင်းလက်မဝက်ခန့်
  • -ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့-

(၁)-ကြက်သားကိုအနေတော်အရွယ်လေးတွေတုံးပြီး အရေခွံနွှာထားပါ။

(၂)-ကြက်အရေခွံတွေကို ဆီဟင်းချက်ဇွန်း(၃)ဇွန်းလောက်ဆူအောင်တည်ထားတဲ့ ဒယ်အိုးထဲထည့်ကြော်ပါ။

(၃)-အရေခွံအသားလေးတွေနီသွားပြီ ဆိုရင်တော့ အရေခွံကိုဆယ်ယူထားပြီး ကြက်သွန်ဖြူနီကို ပါးပါးလှီးထည့်ကာ ဆီချက်ပြုလုပ်ပေးပါ။

(၄)-ကြက်သားတုံးတွေကိုတော့ ကြက်သားမှုန့်နဲ့နယ် ငံပြာရည် ၊ ကြက်သွန်ဖြူ/ဂျင်းထောင်းတွေထည့်ပြီး ပြုတ်ပေးပါ။

(၅)-ကြက်သားတုံးတွေနူးအိသွားပြီဆိုရင်တော့ ကြက်သားတုံးလေးတွေဆယ်ယူထားပါ။

(၆)-ရှမ်းဆန်ကိုရေဆေးပြီး ပေါင်းအိုးတစ်လုံးထဲမှာ ကြက်ပြုတ်ရည်နဲ့ဆီချက်ရောပြီး စုစုပေါင်း နို့ဆီခွက်(၃)ခွက်ခွဲရအောင်ထည့်ပါ။(ဆီချက်နဲ့ ကြက်ပြုတ်ရည်ပေါင်းလို့ လိုအပ်တဲ့ပမာဏမရသေးရင် ရေကိုရောပြီးပမာဏပြည့်အောင်ထည့်ပေးပါ)

(၇)-ထမင်းပေါင်းအိုး မီးတက်သွားပြီဆိုရင်တော့ အရသာရှိလှတဲ့ ကြက်ဆီထမင်းကိုရရှိပါပြီနော်။

(၈)-ကြက်ဆီထမင်းနဲ့တွဲစားဖို့အတွက်ကြက်သားကိုတော့ ခုနကပြုတ်ထားတဲ့အသားတွေကို ခြောက်အောင်ပြန်ပေါင်းပြီး သုံးဆောင်နိုင်ပါတယ်နော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *