Breakfast ကောင်းကောင်းရနိုင်တဲ့ Rangoon Tea House

မြန်မာလူမျိုးတွေကလက်ဖက်ရည်ကိုဟိုဘိုးဘွားလက်ထက်ကတည်းက သောက်သုံးလာခဲ့ကြတာ ကြိုက်ကြတာဖြစ်ပါတယ်။ မနက်စာမှာလက်ဖက်ရည်ကမပါမဖြစ်၊ ပြီးတော့မြန်မာအမျိုးသားတွေကလည်းလက်ဖက်ရည်ဆိုင်ထိုင်တာ အကျင့်တစ်ခုလို၊ ဝါသနာတစ်ခုလိုဖြစ်နေပါတယ်။ Breakfast မှာမုန့်ဟင်းခါးလေးတစ်ပွဲနဲ့ လက်ဖက်ရည်လေးတစ်ခွက်သောက်လိုက်ရုံဖြင့် ပြီးပြည့်စုံပြီးတကယ့်အရသာရှိတဲ့မနက်စာလေးတစ်ခုဖြစ်စေပါတယ်။ မနက်စာအတွက် မြန်မာလူမျိုးတွေရဲ့အကြိုက်နှစ်သက်ဆုံးအစားအစာကိုပြပါဆိုရင်မုန့်ဟင်းခါးနဲ့လက်ဖက်ရည်ကိုအကြိုက်နှစ်သက်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီတော့ မုန့်ဟင်းခါးနဲ့လက်ဖက်ရည်အပြင်အခြားမြန်မာအစားအစာမုန့်မျိုးစုံရရှိနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ကိုအစားအစာချစ်မြတ်နိုးတဲ့သူတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကိုသိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ ညီမကတော့မြန်မာလက်ဖက်ရည်၊မုန့်ဟင်းခါးနှင့်မြန်မာ့ရိုးရာမုန့်မျိုးစုံကိုကြိုက်နှစ်သက်တဲ့အတွက် ဝါသနာတူတွေရှိမယ်လို့ထင်လို့ ကိုယ်ကြိုက်နှစ်သက်တာလေးကို Share ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ Rangoon Tea House ပဲဖြစ်ပါတယ်။ ဆိုင်နေရာလေးကတော့-Ground Floor, 77-79 Pansodan Street (Lower Middle Block), Between MahaBandoola and Merchant Road, Yangon ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့မနက်၇နာရီကနေည၁၀နာရီအထိဖွင့်ပါတယ်။

အရသာရှိတဲ့မုန့်ဟင်းခါး၊မြန်မာမုန့်မျိုးစုံ၊ ကြက်သားဒံပေါက် နှင့် မြန်မာ့ရိုးရာလက်ဖက်ရည်တို့ကိုရရှိနိုင်ပါတယ်။ အရသာရှိပြီးအစားအစာတွေအားလုံးကသန့်ရှင်းလတ်ဆတ်တဲ့အတွက်ကြောင့် စားသုံးသူတွေကျေနပ်မှုနှစ်သက်စေမယ့်ဆိုင်လေးဖြစ်ပါတယ်။ Rangoon Tea House မှာရရှိနိုင်တဲ့ အစားအစာ Menu လေးအချို့ပါ

       

ဝါး…ပုံကြည့်ရုံနဲ့ဗိုက်တောင်ဆာလာပြီး အခုချက်ချင်းပြေးပြီးသွားစားချင်စိတ်ပါပေါက်စေတယ်နော်။ အရသာကလည်းရှယ်မှရှယ်ပဲမြန်မာအစားအစာကြိုက်တဲ့သူတွေအတွက်တကယ့်ကို ခံတွင်းတွေ့စေမယ်နေရာလေးပါနော်။

   

အစားအစာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် စားသောက်ဆိုင်ကောင်းကောင်းလေးတွေလမ်းညွှန်ပေးမှာဖြစ်တဲ့အတွက် နောက်ထပ်ဘယ်နေရာတွေမှာ ဘယ်လိုစားသောက်ဆိုင်တွေရှိသလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ အစားအစာကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာတော့အမှန်ပဲနော်။ သန့်ရှင်းလတ်ဆတ်ပြီးအဟာရရှိသောအစားအစာတွေစားသုံးရင်း ကျန်းမာပျော်ရွှင်သောဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

       

Rangoon Tea House Website Link : www.rangoonteahouse.com

Rangoon Tea House Facebook Page :www.facebook.com/RangoonTeaHouse

One thought on “Breakfast ကောင်းကောင်းရနိုင်တဲ့ Rangoon Tea House

Leave A Comment

Your email address will not be published. Required fields are marked *