ငါးဖယ်ကိုချဉ်ချဉ်စပ်စပ်အရသာတစ်မျိုးထူးစေဖို့ ငါးဖယ်အစာသွတ်လေးလုပ်စားကြည့်နော်

ဟိုစပ်စပ်ဒီစပ်စပ်လေးတွေမှကြိုက်တတ်တဲ့ အစားတစ်လိုင်းတို့အတွက် သွားရည်စာအနေနဲ့ဆို မကြိုက်သူခပ်ရှားရှားဖြစ်တဲ့ ငါးဖယ်အစာသွပ်လုပ်နည်းလေးပြောပြပေးမယ်နော်။ ဆီချက်လေးတွေသုံးပြီး ဗမာစတိုင်လေးအစာသွတ်လို့ရသလို ရခိုင်စတိုင်ချဉ်စပ်အစာသွတ်လေးလည်းပြုလုပ်လို့ရပါတယ်။ မင်မင်ကတော့ဆီမသုံးဘဲ ချဉ်ချဉ်စပ်စပ်လေးအစာသွတ်တာကို ပိုကြိုက်လို့ ရခိုင်ငါးဖယ်အစာသွတ်ပြုလုပ်နည်းလေးကို ပြောပြပေးမယ်နော်။

ရခိုင်ငါးဖယ်အစာသွတ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ငါးဖယ်(၁၅)ကျပ်သား
  • -ဂျင်း အနည်းငယ်
  • -ကြက်သားမှုန့်အနည်းငယ်
  • -ကြက်သွန်ဖြူ(၄)မွှာ
  • -ဂေါ်ဖီ(၁)စိပ်
  • -ရှောက်ရွက်(၁)စည်း
  • -ရှောက်သီး(၁)စိတ်
  • -ရှာလကာရည် ထမင်းစားဇွန်း(၂)ဇွန်း
  • -ကြက်သွန်ဖြူကြော်အနည်းငယ်
  • -ငရုတ်သီးစိမ်း
  • -ငံပြာရည်အနည်းငယ်

ပြုလုပ်ပုံကတော့-

၁-ဂျင်း ၊ ကြက်သွန်ဖြူရောထည့်ထောင်းပြီး ဆားအနည်းငယ် ၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး ငါးဖယ်ကိုသမအောင်ထောင်းပေးပါ။ ပြီးရင်တော့ လက်ကိုရေအနည်းငယ်ဆွတ်ပြီး ငါးဖယ်တွေကို တစ်ခါစားအရွယ်လေးတွေဆုပ်ပေးပါ။

၂-ငါးဖယ်ကြော်ပြီး ဆီစစ်ထားကာ အလယ်ကနေဓားလေးတွေနဲ့ခွဲထားပါ။

၃-ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ ရှောက်သီး ၊ ငရုတ်သီးစိမ်းတို့ကို ခပ်ပါးပါးလှီးထားပါ။ ရှောက်သီးလေးတွေကို အမွှာလေးတွေကွဲမသွားအောင် နွှင်ထားပေးပါ။

၄-လှီးထားတာတွေတွေကို ဇလုံတစ်ခုထဲရောထည့်ပြီး ကြက်သားမှုန့် ၊ ရှောက်သီးနွှင် ၊ ရှာလကာရည် ၊ ငံပြာရည်အနည်းငယ်တို့ရောထည့်ပြီးနယ်ပေးပါ။

၅-ငါးဖယ်ရဲ့အလည်ခွဲကြောင်းလေးတွေထဲမှာ နယ်ထားတဲ့အရွက်စုံကို အစာသွပ်ပေးပါ။ အပေါ်ယံကနေ ကြက်သွန်ဖြူကြော်ဖြူးပေးပါ။

ဒါဆိုရင်တော့ အရမ်းကိုစားလို့ကောင်းတဲ့ ရခိုင်ငါးဖယ်အစာသွတ်လေးကို အသင့်စားလို့ရပြီနော်။

 

Leave A Comment

Your email address will not be published. Required fields are marked *