ကိုရီးယားစာတွေအပြင် တရုတ်အစားအစာကိုပါတွဲဖက်စားသုံးနိုင်မယ့် ပစ်တိုင်းထောင်

တရုတ်စာကြိုက်တယ် ကိုရီးယားစာကြိုက်တယ်ဆိုပြီး အငြင်းပွားနေသူတွေအတွက် ကိုရီးယားအစားအစာရော တရုတ်အစားအစာပါရနိုင်တဲ့ ပစ်တိုင်းထောင်ဆိုတဲ့ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ကိုရီးယားအစာအစားကြိုက်သူတွေ အသည်းစွဲဖြစ်နေသလို တရုတ်စာကြိုက်သူတွေလည်း မေ့မရနိုင်တဲ့ အခုတလောနာမည်တော်တော်ရနေတဲ့ဆိုင်လေးပါ။

ကိုရီးယားအစားအစာတွေအနေနဲ့ကတော့ ဆိမ့်သက်တဲ့ပဲအရသာကို နူးညံ့တဲ့ခေါက်ဆွဲစီးစီးလေးတွေနဲ့ရောထားတာကြောင့် ချိုမြမြအိစက်စက်လေးစားသုံးရမယ့် ပဲခေါက်ဆွဲ ၊ လတ်ဆတ်လွန်းတဲ့ဆလပ်ရွက်လေးထဲမှာ အသားတစ်မျှင်ချင်းစီမှာ အရသာစိမ့်နေတဲ့ဝက်သားဖတ်လေးကို ထည့်မြုပ်ပြီးအားပါးတရစားရမယ့် ဝက်ချိုဆလပ် ၊ ကိုရီးယားခေါက်ဆွဲအရသာ ပူပူစပ်စပ်လေးကို ရှူးရှူးရှဲရှဲစားရမယ့် ချဉ်ငံစပ်ခေါက်ဆွဲသုပ် ၊ ငါးရဲ့မူရင်းအရသာပျောက်မသွားဘဲ အသားပြားလေးတွေကို အိဖတ်ဖတ်လေးစားရမယ့် ငါးအသားချောင်းစတဲ့ အရသာရှိပြီးနာမည်ကျော်တဲ့ ကိုရီးယားအစားအစာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

တရုတ်အစားအစာအနေနဲ့ကတော့ အသီးအရွက်အစုံစုံနဲ့ အသားအဖုံဖုံကို အရသာစိမ့်ဝင်မှုကောင်းအောင် ဖန်တီးချက်ပြုတ်ပြီး တစ်ပွဲတည်းနဲ့ဗိုက်အပြည့်တီးနိုင်မယ့် ခေါက်ဆွဲကြော် ၊ ကြာဇံကြော် ၊ ထမင်းကြော် ၊ စားရတာပိုမိုခံတွင်းတွေ့စေဖို့  တွဲဖက်စားသုံးဖို့အကောင်းဆုံး ဟင်းချိုမျိုးစုံ ၊ လတ်လတ်ဆတ်ဆတ်အသားတွေကို ပါဝင်ပစ္စည်းအစုံအလင်နဲ့ အစပ်အဟပ်တည့်စွာသုပ်ထားတဲ့ အသုပ်မျိုးစုံတွေအပြင် အရသာတမူထူးခြားတဲ့ တရုတ်ဟင်းလျာတွေကိုရရှိနိုင်ဦးမှာဖြစ်ပါတယ်။

ကျန်းမာရေးကိုအဓိကစဉ်းစားပြီး အချိုမှုန့်မသုံးဘဲ ချက်ပြုတ်ပြင်ဆင်ပေးတာကြောင့် ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာစားသုံးနိုင်မှာဖြစ်ပါတယ်။ ပစ်တိုင်းထောင်ဆိုင်ရဲ့လိပ်စာကတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ (၄၇)လမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၉)နာရီအထိဖြစ်ပါတယ်။

Image Source : www.facebook .com/pyittinehtaung

Leave A Comment

Your email address will not be published. Required fields are marked *