ဆိုင်မှာရောင်းတဲ့အရသာအတိုင်း ကွက်တိဖြစ်စေမယ့် ဝက်သားဒုတ်ထိုးပြုလုပ်နည်း

အသီးမှာသရက် ၊ အသားမှာဝက်ဆိုတဲ့အတိုင်း နေ့စဉ်စားသုံးနေကြတဲ့ အသားတွေအားလုံးထဲမှာမှ ဝက်သားကိုအရသာအတွေ့ဆုံးဆိုတာကိုတော့ အားလုံးလက်ခံကြမယ်လို့ထင်ပါတယ်။ ဝက်သားကို ခုံမင်နှစ်သက်သူအများစုဟာ ဝက်မျက်လုံး ၊ ဝက်နားရွက်မှစပြီး ဝက်ကလီစာ ၊ ဝက်မြီးတွေအထိပါ ဝက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးကို ချက်ပြုတ်စားသောက်တတ်ကြပါတယ်။ ပုံစံအမျိုးမျိုးချက်ပြုတ်နေကြပေမယ့် ဝက်သားဒုတ်ထိုးကိုတော့ မကြိုက်တဲ့သူကတော့ ဝက်သားမစားသူမှအပ အကုန်ကြိုက်နှစ်သက်ကြပါတယ်။ ဆိုင်မှာဝယ်စားရင် ဒုတ်ထိုးတစ်ချောင်းမှာမှ သေးသေးလေးပါတာဆိုတော့ ဘယ်လိုမှတင်းတိမ်နိုင်မယ်မထင်ပါဘူး ။ ဒါကြောင့် Foodies Navi ကနေ ဆိုင်မှာရောင်းတဲ့အရသာအတိုင်း အိမ်မှာတင်အလွယ်တကူပြုလုပ်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်နော်။

ဝက်သားဒုတ်ထိုးလုပ်စားဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  1. ဝက်သား(မိမိနှစ်သက်ရာအစိတ်အပိုင်းထည့်နိုင်သည်)
  2. ကြက်သွန်ဖြူ
  3. ကရဝေးရွက်(ပရဆေးဆိုင်များတွင်ဝယ်ယူနိုင်ပါသည်)
  4. ခရုဆီ
  5. ကြာညို့
  6. ချင်း
  7. သကြား
  8. ရှောက်ရွက်
  9. ကြက်သားမှုန့် တို့ပဲဖြစ်ပါတယ်။

 

ပြုလုပ်ပုံကတော့ ရေစင်အောင်ဆေးထားတဲ့ ဝက်သား (မိမိနှစ်သက်ရာအသား)ကို ကောင်းကောင်းနယ်ဖတ်လို့ရတဲ့ ဇလုံတစ်လုံးထဲမှာထည့်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူ ()မွှာ ၊ ချင်းလက်နှစ်ဆစ်ခန့်တို့ကိုထောင်းပြီးထည့်ပါ။ ခရုဆီ ()ဇွန်းနဲ့ သကြား()ဇွန်း ကြာညို့ဇွန်းထက်ဝက်ခန့် ထည့်ပါ။ ကြက်သားမှုန့်အနည်းငယ်နဲ့ ကရဝေးရွက်()ရွက်လောက်ထည့်ပြီး အသားထဲထိစိမ့်ဝင်အောင်ရောနယ်ပေးပါ။ ပြီးရင်တော့ အိုးထဲထည့်ပြီး ရေမထည့်ဘဲ အသားထဲကထွက်လာတဲ့ ရေနဲ့ (၁၀)မိနစ်ခန့်အဖုံးအုပ်ပြီးတည်ထားပါ။ (၁၀)မိနစ်ပြည့်လို့ အရေခမ်းတဲ့အချိန်ကျမှ ရေကိုမြုပ်အောင်(၄၅)မိနစ်လောက် တည်ထားပြီးရင်တော့ အရမ်းကိုအရသာရှိလှတဲ့ ဝက်သားဒုတ်ထိုးရရှိပါပြီနော်။ 

ဝက်သားဒုတ်ထိုးဆိုတာကလည်း အချဉ်ရည်လေးပါမှပြည့်စုံတာဆိုတော့ (၄၅)မိနစ်တည်ထားတဲ့အချိန်ဟာ အချဉ်ရည်ပြုလုပ်ဖို့အတွက် အချိန်ကောင်းပါပဲနော်။ အချဉ်ရည်ပြုလုပ်ဖို့အတွက် ငရုတ်သီး()တောင့်နဲ့ ကြက်သွန်ဖြူဗမာဥ()ခုကို ငရုတ်ဆုံထဲထည့်ထောင်းပါ။ ထောင်းထားတာကို ပန်းကန်တစ်လုံးထဲထည့်ပြီး နံနံပင်ညှပ်ထည့် ၊ သံပုရာသီးတစ်လုံးညှစ်ထည့် ၊ မန်ကျဉ်းရည်အနည်းငယ်လေးထည့် ၊ ငံပြာရည်လေးထည့် ၊ ဆားအနည်းငယ်လေးထည့်လိုက်မယ်ဆိုရင်တော့ ဝက်သားဒုတ်ထိုးနဲ့အလွန်ပနံသင့်တဲ့ အချဉ်ရည်လေးရရှိသွားပါပြီ။

ဝက်သားတုံးလေးများကိုဆယ်ကာ ဟင်းရည်ပူပူလေးထဲကို ရှောက်ရွက်လေးခတ်ပြီး ဝက်သားဒုတ်ထိုးလေးကို အချဉ်ရည်လေးနဲ့တို့စားရင်း သောက်သုံးမယ်ဆိုရင်တော့ တကယ့်ကိုပြည့်စုံကောင်းမွန်တဲ့အရသာကို မုချမသွေခံစားရရှိစေနိုင်မှာပါနော်။

 

Leave A Comment

Your email address will not be published. Required fields are marked *