လျှာပေါ်ကိုအိဆိမ့်တဲ့အရသာတွေ ပျော်ဝင်သွားလောက်အောင်ကောင်းတဲ့ ဝက်စတူးလုပ်နည်း

အိအိဆိမ့်ဆိမ့်အရသာတွေကြောင့် လျှာပေါ်မှာမရိုးနိုင်အောင်အမြဲစားချင်နေမိတာကတော့ ဝက်သားရဲ့အရသာပါပဲ ? အဆီ ၊ အသား ၊ အခေါက်သုံးလွှာရဲ့ မတူညီတဲ့အရသာတွေကို တစ်ပေါင်းတည်းပေါင်းစပ်ခံစားရတာကြောင့် ထူးထူးခြားခြားနဲ့မေ့မရနိုင်တဲ့ အရသာဓာတ်တွေကို ဆောင်ကျဉ်းပေးနိုင်တာကြောင့် ဝက်သားကိုပုံစံအမျိုးမျိုး ၊ အရသာအမျိုးမျိုးနဲ့ ချက်ပြုတ်ကြတာပဲဖြစ်ပါတယ်။ ဒီလိုလူကြိုက်များလှတဲ့ ဝက်သားတွေကို နူးနူးအိအိဝက်စတူးလေးလုပ်စားနိုင်ဖို့ Foodies Navi ကနေလွယ်ကူသက်သာတဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

ဝက်စတူးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်သုံးထပ်သား (၃၀)ကျပ်သား
  • -ပဲငံပြာရည်အနောက် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ပဲငံပြာရည်အကြည် ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -တရုတ်မဆလာ ထမင်းစားဇွန်း(၁)ဇွန်း
  • -ဆားအနည်းငယ်
  • -သကြား ထမင်းစားဇွန်း(၁)ဇွန်း
  • -မုန်ညင်းထုပ် (၁)ထုပ်
  • -ဟင်းချက်အရက် ထမင်းစားဇွန်း(၁)ဇွန်း
  • -နာနတ်ပွင့် အနည်းငယ်
  • -ကြက်သွန်မြိတ်(၂)ချောင်း
  • ကြက်သွန်ဖြူ (၅)မွှာ
  • ဂျင်း လက်တစ်ဆစ်ခန့်

ပြုလုပ်ပုံကတော့ ဝက်သားကိုအနေတော်အရွယ်လေးတွေ တုံးပေးထားပြီး  ဆား ၊  ပဲငံပြာရည်အကြည် ၊ အနောက် ၊ တရုတ်မဆလာတို့နဲ့ရောနယ်ပြီး မိနစ်(၃၀)ခန့်နှပ်ထားပေးပါ။ မိနစ်(၃၀)ကြာသွားရင်တော့ ဒယ်အိုးကိုအပူပေးပြီး သကြားကိုညိုသွားတဲ့အထိလှော်ပေးပြီး ဆီအနည်းငယ် ၊ နှပထားတဲ့ဝက်သားတွေကိုထည့်ပြီး လုံးပေးပါ။ ပြီးရင်တော့ ပဲငံပြာရည်အကြည် ၊ ကြက်သားမှုန့် ၊ နံနတ်ပွင့် ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ရေအနည်းငယ်တို့ကိုရောထည့်ပြီး ဟင်းပေါင်းအိုးထဲမှာ ထည့်ပေါင်းပေးပါ။ (၁၅)မိနစ်လောက်ပေါင်းမယ်ဆိုရင် (၁၀)မိနစ်လောက်နေတဲ့အခါ မုန်ညင်းထုပ် ၊ ကြက်သွန်မြိတ်တို့ကိုလှီးထည့်ပေးပါ။ (၁၅)မိနစ်ပြည့်သွားရင်တော့ ရှယ်အရသာကောင်းမွန်ပြီး အခေါက်လေးတွေပါနူးအိနေတဲ့ ဝက်စတူးလေးကို အိအိဆိမ့်ဆိမ့်လေးသုံးဆောင်လို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *