ဝက်သားဒုတ်ထိုးကိုကြိုက်ပေမယ့် လမ်းဘေးမှာထိုင်မစားချင်သူတွေအတွက်..

လမ်းဘေးမှာထိုင်စားရတဲ့ အစားအစာတွေထဲက ဝက်သားဒုတ်ထိုးကတော့ အစားတစ်လိုင်းတို့ရဲ့အသည်းစွဲပါပဲ။ ဝက်သားဒုတ်ထိုးကိုအရမ်းကြိုက်ပေမယ့် လမ်းဘေးမှာရောင်းတာများတော့ ထိုင်စားရမှာ မဝံ့မရဲဖြစ်နေသူတွေနဲ့ ဖုန်မှုန့်သဲမှုန့်တွေကပ်တွယ်မှာ စိုးရိမ်တဲ့သူတွေအတွက် သတင်းကောင်းလေးပေးချင်ပါတယ်။ ဝက်သားဒုတ်ထိုးကို လမ်ဘေးမှာထိုင်စားစရာမလိုဘဲ ဆိုင်ထဲမှာတင်သန့်သန့်ရှင်းရှင်း အရသာကောင်းကောင်းစားနိုင်ဖို့အတွက် Pork n’ Stick ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Pork n’ Stick ရဲ့ လိပ်စာတွေကတော့

ဆိုင်() G 08 , City Mart, MyayNiGhone , San Change Township , Yangon

ဆိုင်() City Mall St. John , No.6, Comer of Pyay Road and Min Ye Kyaw Swa Road , Yangon

Pork n’ Stick ဆိုင်မှာတော့ ဝက်အူ ၊ ဝက်လျှာ ၊ အရိုးနု ၊ အူချို ၊ အရွတ် စတဲ့စုံစုံလင်လင်ဝက်သားဒုတ်ထိုးအပြင် ဝက်ခေါင်းသုပ် ၊ ဆေးဘဲဥသုပ် ၊ ကော်ရည်ခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ ၊ လက်ဖက်ထမင်း ၊ ကြာဆံသုပ် ၊ ငါးဖယ်လုံးကြာဆံပြုတ် ၊ ကြက်ခြေထောက်ပေါင်း ၊ ဝက်သားကော်ပြန့်ကြော် ၊ ဝက်သားဖက်ထုပ်ကြော် ၊ ဝက်ခြေထောက်ပေါင်း၊ ပြည်ကြီးငါးသုပ် ၊ ကြက်သားသုပ် ၊ နာနတ်သီးသုပ် ၊ ထမင်းသုပ်စတာတွေအပြင် အအီပြေသောက်သုံးနိုင်မယ့် အသီးဖျော်ရည်မျိုးစုံ ၊ MilkShake မျိုးစုံတို့ကိုလည်းရရှိနိုင်မှာပဲဖြစ်ပါတယ်။

မြေနီကုန်းမှာရှိတဲ့ဆိုင်()ကိုတော့ မနက် () နာရီကနေ ည (၁၂) နာရီအထိတောင်ဖွင့်လှစ်ထားတာကြောင့် မနက်နေ့လည်ညစာတွေအပြင် ညအိပ်ရာဝင်ချိန် ဗိုက်ဆာရင်တောင် ထသွားစားလို့ရမယ့် ဆိုင်လေးပါပဲ။ အရသာကလည်းသန့်ရှင်းလတ်ဆတ်ပြီး ဝက်သားဒုတ်ထိုးကလည်း အတုံးအကြီးကြီးတွေဆိုတော့ တစ်ချောင်းစားလိုက်ရုံနဲ့တင် ပါးစပ်နဲ့အပြည့်မို့မနည်းဝါးရမှာနော်။ တခြားအစားအစာတွေကလည်း သန့်ရှင်းလတ်ဆတ်ပြီး အရသာကလုံးဝရှယ်ပဲနော်။ ဗိုက်ဆာနေပြီဆိုရင်တော့ ဆိုင်အရွေးမမှားစေဖို့ Pork n’ Stick ဆိုင်လေးကို လမ်းညွှန်ပေးပါရစေနော်။

Image Source : www.facebook.com/PorkNStick

Leave A Comment

Your email address will not be published. Required fields are marked *