(၁)ချောင်း(၁၀၀)ကျပ်နဲ့မလိုက်ဖက်လောက်အောင် အရသာထူးခြားလှတဲ့ ဝက်သားဒုတ်ထိုးဆိုင်လေး..

ဝက်သားမှဝက်သားဆိုပြီး မရပ်မနားတအားစားချင်နေတဲ့ ချိဖတို့ချိမတို့အတွက် မင်မင်စားနေကျဝက်သားဒုတ်ထိုးဆိုင်လေးကို ထပ်ညွှန်းပေးဦးမယ်ကွယ်။ ရှယ်စားလို့ကောင်းတဲ့ ဝက်သားဒုတ်ထိုးဆိုင်တွေအပုံလိုက်ကြီးရှိပေမယ့် အိမ်နဲ့နီးစပ်ရာမှာ သွားစားနိုင်ဖို့အတွက် ဆိုင်တွေအများကြီးသိထားဖို့တော့လိုတယ်လေ ။ မင်မင်အခုညွှန်မယ့်ဆိုင်လေးကတော့ သုဝဏ္ဏထဲမှာ နာမည်ကြီးပြီးသားဆိုင်လေးဖြစ်သလို ယူတို့အသည်းစွဲပြီးသားဖြစ်တဲ့ မင်းလမ်းဝက်အူကောက်ညှင်းအစာသွပ်ရောင်းတဲ့ ဦးလေးကြီးသမီးကနေ ဆိုင်ခွဲဖွင့်ထားတာဆိုတော့ မှန်းကြည့်ရုံနဲ့တင် လက်ရာကို တွက်ဆမိလောက်မယ်ထင်ပါတယ်။

ဝက်သားဒုတ်ထိုးကတော့ တစ်ချောင်း(၁၀၀)ကျပ် ၊ (၁၀၀)နဲ့မလိုက်လောက်အောင် တစ်ချောင်းစီရဲ့ဆိုဒ်ကတော့ ရှယ်ကြီးတာရယ်။ ဝက်သားဒုတ်ထိုးတစ်ချောင်းလောက် အာခံတွင်းထဲထည့်ဝါးလိုက်တာနဲ့ ခံတွင်းနဲ့အပြည့်နီးပါးဖြစ်နေရောရယ် ။ အရသာကအီနောက်နောက်ကြီးနဲ့ အချိုများတာမျိုးဖြစ်မနေဘဲ ဝက်သားရဲ့အသားအရသာတွေ တမြေ့မြေ့စိမ့်ထွက်လာပြီး စားပြီးရင်းစားချင်းနေရော။ အသားကလည်းပျော့နေတာမျိုးမရှိဘဲ တင်းတင်းလေးနဲ့နူးနူးအိအိလေးဆိုတော့ တစ်ခါဆို ဆိုသလောက် စွဲမက်သွားမှာအသေအချာပဲ။ ဝက်အူကောက်ညှင်းအစာသွပ်ဆိုလည်း မင်းလမ်းဆိုင်ကလက်ရာအတိုင်းပဲရယ်။ အိအိထုပ်ထုပ်လေးနဲ့ စားလို့ကောင်းမှကောင်း။ ကြာဆံကြော်ခေါက်ဆွဲကြော်လေးနဲ့ တွဲစားလည်းဖိုင်းတယ်။

ဆော့စ်လည်းမိုက်သလို ဟင်းရည်လေးလည်းတော်တော်ကောင်းတယ်။ မင်မင်ကတော့ ဒီဆိုင်ကဆိုရင် ဝက်သားဒုတ်ထိုးတင်မကဘဲ ဘဲဥ ၊ ကြာဆံခေါက်ဆွဲအရသာတွေပါကြိုက်တာရယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးတွေကို တတောက်တောက်ဝါးစားရင်း နေ့လည်(၁၂)လောက်ဆိုရင် စရောင်းပြီ။ စောစောသွားရင်တော့ အသားအူအသည်းပါမကျန် အစုံရွေးစားနိုင်ပေမယ့် နည်းနည်းနောက်ကျသွားရင်တော့ မစုံတော့ဘူးရယ်။ ဆိုင်နေရာလေးကတော့ သုဝဏ္ဏရေနံသာဈေးမှာပါ။ ရေနံသာလမ်းဘက်ကဝင်ရင် ဈေးပေါက်ဝရှေ့မှာပါနော်။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *