မြန်မာအစားအစာကောင်းတွေရရှိနိုင်တဲ့…

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဆိုင်လေးကတော့ အရသာရှိတဲ့မြန်မာအစားအစာတွေရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ Pansuriya (ပန်းသူရိယ) လို့ခေါ်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ပြီးတော့ဒီဆိုင်လေးရဲ့အပြင်အဆင် decoration လေးကတကယ့်ကိုအနုပညာဆန်ပါတယ်။ ဆိုင်အတွင်းပိုင်းပြင်ဆင်မှုကိုကြည့်မယ်ဆိုရင် စာပေ၊ မြန်မာမှုပြုပန်းချီကားချပ်လေးတွေသေသေသပ်သပ်လေးနဲ့မို့ ဆိုင်ထဲကိုဝင်လိုက်တာနဲ့စိတ်ကိုပျော်ရွှင်စေပြီး တကယ့်ကိုပြတိုက်လေးတစ်ခုလိုပါပဲ။ ပြီးတော့ အနုပညာရှင်တွေ၊ စာပေဟောပြောပွဲတွေအမြဲတမ်းပြုလုပ်ကျင်းပတဲ့နေရာလေးဖြစ်ပါတယ်။ စာပေ၊အနုပညာနဲ့ပတ်သက်တဲ့ဗဟုသုတတွေရချင်ရင်တော့ Pansuriya (ပန်းသူရိယ)သို့လာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်။

   

ဒီဆိုင်လေးကအမှတ်(၁၀၂)ဘိုးကလေးစျေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မှာတည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၈နာရီကနေ ည ၁၀နာရီထိဖွင့်ပါတယ်။ မြန်မာအစားအစာတွေရရှိနိုင်ပြီး မနက်စာနှင့်ညစာအတွက်ဝန်ဆောင်မှုကောင်းကောင်းပေးစွမ်းနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။  Pansuriya (ပန်းသူရိယ) ဆိုင်လေးမှာ Creative cooking, exhibitions, potery readings and public talks, art from Myanmar and many old photographs စတဲ့အရာတွေတွေ့မြင်နိုင်တဲ့နေရာလေးဖြစ်ပါတယ်။

အရသာရှိတဲ့မြန်မာအစားအစာစားရင် အခုလိုစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အရာတွေရရှိနိုင်တဲ့အတွက် တကယ့်ကိုစိတ်အပန်းဖြေစရာကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းသင်းတွေနဲ့လာလာ၊ သူငယ်ချင်းတွေနဲ့ပဲလာလာ အခုလိုအနုပညာနဲ့ပတ်သက်တဲ့နေရာလေးမှာ မနက်စာ၊ညစာစားရင်ပျော်ရွှင်ဖွယ်ရာအချိန်လေးတစ်ခုဖန်တီးလို့ရပါတယ်။

 

 

 

အစားအစာ menu အချို့ကိုကြည့်လိုက်ရင်လည်းတကယ့်အရသာရှိတဲ့အစားအစာလေးဆိုတာတွေ့ရမှာဖြစ်ပါတယ်။ အစားအစာတွေရော၊ နေရာလေးကပါစိတ်ကျေနပ်မှုရရှိနိုင်တဲ့အတွက် အစားအစာကိုချစ်မြတ်နိုးသူတွေအတွက်ရော၊ အနုပညာနှင့်စာပေပန်းချီကိုချစ်မြတ်နိုးသူတွေအတွက်ပါ စိတ်ကြည်နူးဖွယ်ရာနေရာလေးစတ်နေရာဖြစ်စေမယ်လို့ထင်ပါတယ်။ သန့်ရှင်းလတ်ဆတ်၊ အာဟာရရှိတဲ့အစားအစာတွေစားသုံးရင် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Pansuriya Facebook Page : www.facebook.com/pansuriyamyanmar

 

Leave A Comment

Your email address will not be published. Required fields are marked *