ပန်းနဲ့အရုပ်ပုံကိတ်လေးတွေကို 3D ဒီဇိုင်းနဲ့ရရှိနိုင်မယ့် Pano Bakery

ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြသနေတဲ့ အစားအစာတစ်ခုဖြစ်ပြီး အမှတ်တရလက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် ၊ အဆာပြေစားဖို့အတွက်ပဲဖြစ်ဖြစ် အာဟာရပြည့်ဝစေပြီး အချိုကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးကတော့ ကိတ်မုန့်လေးတွေပဲဖြစ်ပါတယ်။ ကိတ်မုန့်ဆိုရင် အရင်ခေတ်တွေကလို ကိတ်မုန့်တုံးရိုးရိုးကြီးတွေကို အကြိုက်မတွေ့ကြတော့ဘဲ အမြင်ဆန်းပြီးလှပတင့်တယ်တဲ့ ကိတ်မုန့်လှလှလေးတွေကိုသာ နှစ်ခြိုက်စွာစားသုံးလာကြပါတယ်။ ဒါကြောင့် အခုခေတ်ကိတ်မုန့်ဆိုင်တွေဟာ အရသာသာမကဘဲ ကိတ်မုန့်ဒီဇိုင်းတွေကိုပါ တီထွင်ဆန်းသစ်လာကြပါတယ်။ ဒီလိုကိတ်မုန့်ဆန်းဆန်းလေးတွေရရှိနိုင်တဲ့ဆိုင်တွေထဲကမှ အရုပ်ပုံလေးတွေနဲ့ ပန်းပုံစံလေးတွေကို 3D ရုပ်လုံးကြွပုံစံလေးတွေနဲ့ ရရှိနိုင်မယ့် Pano Bakery ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

Pano Bakery ဟာ ကိတ်မုန့်ဒီဇိုင်းတွေကိုပီပြင်စွာနဲ့  3D ပုံစံပုံဖော်ပေးထားတာကြောင့် ကိတ်မုန့်လို့မထင်ရလောက်အောင် လက်ရာမြောက်လွန်းလှပါတယ်။ အရုပ်နဲ့ပန်းတွေကို ရူးသွပ်စွဲလမ်းကြတဲ့သူတွေအတွက် လိုချင်တဲ့ပုံစံကို တစ်ပုံစံတည်းတူအောင် 3D ပညာရပ်နဲ့ ရုပ်လုံးကြွအောင် ပုံဖော်ပေးနိုင်မှာဖြစ်ပါတယ်။ ကိတ်သားလေးတွေကနူးညံ့အိစက်နေပြီး ချိုချိုဆိမ့်ဆိမ့်အရသာတွေကို ထိထိမိမိခံစားရရှိစေနိုင်တာကြောင့် လူကြိုက်များနေတဲ့ Bakery လေးတစ်ခုပါ။ဒီ Bakery လေးကတော့ ပြုလုပ်ထားပြီးသားကိတ်မုန့်တွေကို ရောင်းချတာမဟုတ်ဘဲ ကြိုတင်မှာယူမှသာ ဖန်တီးပြုလုပ်ပေးတာကြောင့် ကိတ်သားလတ်လတ်ဆတ်ဆတ်တွေကို ရရှိနိင်မှာပဲဖြစ်ပါတယ်။

 

ဒီလိုမျိုးတမူထူးခြားဆန်းကြယ်တဲ့ ကိတ်မုန့်လေးတွေကို အမှတ်တရနေ့တွေမှာ မြတ်နိုးတန်ဖိုးထားရသူတွေကို လက်ဆောင်ပေးမယ်ဆိုရင်တော့ အံ့သြဝမ်းသာမှုတွေကို အပြည့်အဝပေးစွမ်းနိုင်မှာအသေအချာပါပဲနော် ။ ဒီ Bakery လေးကတော့ Pano Bakery ရဲ့လိပ်စာကတော့စက်တွင်းလမ်း ၊ အလုံမြို့နယ် ၊ ဆင်မင်းစျေးနား  ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/panobakery

Leave A Comment

Your email address will not be published. Required fields are marked *