ဒင်းဆမ်းပူပူနွေးနွေးလေးကို အိမ်မှာတင် မှာစားလို့ရပြီနော်။

Foodies တို့ရေဒီတစ်ခါမှာတော့ ဒင်းဆမ်းကောင်းကောင်းကြိုက်သူတွေကို သတင်းကောင်းလေးပေးဦးမှာပါ။  မနက်ခင်းအချိန်အခါလေးမှာဒင်းဆမ်းပူပူနွေးနွေးလေးကို အရသာရှိရှိစားချင်ပေမယ့် စောစောစီးစီးသွားဝယ်စားရမှာစိတ်ပျက်လို့ ဒင်းဆမ်းနဲ့အလှမ်းဝေးနေတဲ့ မင်မင့်ဘော်ဒါတွေကို အိမ်မှာနေရင်းမှာစားနိုင်မယ့် ဒင်းဆမ်းအကြောင်းပြောပြပေးမယ်။ မင်မင်ကိုယ်တိုင် မှာစားကြည့်ပြီးမှ ကြိုက်လွန်းလို့ဝေမျှပေးတာမို့ အရသာကတော့လုံးဝစိတ်ချရတယ်။ နာမည်ကြီးဒင်းဆမ်းဆိုင်တွေရဲ့ လက်ရာကိုအမီလိုက်နိုင်တယ်။ မာမာဂေါက်ဂေါက်ကြီးဖြစ်မနေဘဲ အိအိဖတ်ဖတ်လေးမို့ စားလို့ပိုကောင်း။ ဆိမ့်ဆိမ့်လေးနဲ့ ဝါးရင်းဝါးရင်းအရသာတွေစိမ့်စိမ့်ထွက်လာတာမို့ မင်မင်ကတော့ ကြိုက်မှကြိုက်ပဲ။

ဒင်းဆမ်းအမယ်တွေလည်းအများကြီးပဲရယ်။ ကြက်သားအသားပေါင်း ၊ ပုဇွန်ဖက်ထုပ်အသားပေါင်း ၊ သီးစုံဖက်ထုပ်အသားပေါင်း ၊ ဆေးဘဲဥအသားပေါင်း ၊ ငုံးဥအသားပေါင်း ၊ ဂျပန်တို့ဟူးအသားပေါင်း ၊ ဂဏန်းချောင်းအသားပေါင်း ၊ ပြည်ကြီးငါးအသားပေါင်း ၊ ကြက်အူချောင်းအသားပေါင်း ၊ ရေညှိအသားပေါင်း ၊ ပုဇွန်လုံးအသားပေါင်း ၊ ပြောင်းဖူးငါးဖယ်အသားပေါင်း ၊ ငါးအိုးစည်အသားပေါင်း ၊ ဆောလမွန်ငါးအသားပေါင်း ၊ ရေဝါအသားပေါင်း ၊ ရေစိမ်းအသားပေါင်း ၊ ရေဖြူအသားပေါင်း ၊ ကြက်သားပြားလိပ် ၊ ဂဏန်းသားကြော်အသားပေါင်းဆိုပြီး (၁၉)မျိုးတောင်ရှိတယ်။ မင်မင်ကတော့ ကြက်သားပြားလိပ်လေးကိုအကြိုက်ဆုံးပဲ။ တခြားအသားပေါင်းတွေက အရသာရောနေတော့ သိပ်မကွာဘူးလို့ခံစားရပေမယ့် ကြက်သားပြားလေးကတော့  အရသာကွဲထွက်နေတယ်ခံစားရလို့ ပိုပြီးကြိုက်တယ်။

ဈေးနှုန်းကလည်းအတော်လေးသက်သာတယ်။ (၅၀၀၀)ဖိုးဆိုအခု(၄၀) ၊ (၈၀၀၀)ဖိုးဆို (၆၅)ခု ၊ (၁၀၀၀၀)ဖိုးဆို(၈၅)ခုတောင်ရတော့ တော်တော်လေးတန်တယ်ပြောရမယ်။ တစ်ခုချင်းကြိုက်ရာရွေးဝယ်ရင်တော့ တစ်ခုကို (၁၅၀)ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ ဆိုင်မှာဆို(၂)သောင်းဖိုးလောက်မှဗိုက်ဝတဲ့ မင်မင်က (၁)သောင်းဖိုးနဲ့တင်ဗိုက်ကားပြီး အီစလန်ဝေသွားရောပဲ။ အချဉ်လေးလည်းတော်တော်သန့်တယ်။ စိတ်ဝင်စားလို့မှာစားချင်တယ်ဆိုရင်တော့ 09421124640,09962154032,09962822936 ကိုဖုန်းဆက်မှာယူနိုင်မှာဖြစ်ပါတယ်။ Delivery ခကတော့ အစားစားပဲနော်။

 

Leave A Comment

Your email address will not be published. Required fields are marked *