ပဲပိစပ်ရဲ့အနှစ်တွေနဲ့ ပျစ်ပျစ်နှစ်နှစ်ကိုရီးယားဟော့ပေါ့ကို ထိထိမိမိအရသာခံနိုင်မယ့် Omuk ?

ကိုရီးယားစားသောက်ဆိုင်ဘယ်လောက်ကောင်းကောင်း မတပ်မက်ခဲ့ဖူးသလို အရသာရဲ့အတိမ်အနက်ကိုလည်း သေချာမမြည်းစမ်းခဲ့လို့ထင်ပါ့ ကိုရီးယားအစားအစာဆိုလျှာထဲသိပ်မစွဲဘူးရယ်။ ဟိုတစ်နေ့ကမှ ကိုရီးယားဟော့ပေါ့ပုံလေးတွေက တော်တော်လေးကိုဆွဲဆောင်နေလို့သွားစားကြည့်မိခဲ့တာ ကိုရီးယားစာတွေတောင် ကြိုက်တိုကိတိုက်လေးဖြစ်သွားလို့ ? ကိုရီးယားဟော့ပေါ့ရနိုင်မယ့်ဆိုင်လေးအကြောင်း အလင်းပြပေးမယ်နော်။ ဆိုင်နာမည်လေးက “Omuk” ဆိုင်ခွဲတွေအများကြီးရှိပြီး လူသိများပြီးသားပေမယ့် မင်မင်ကတော့ ခုမှသိတာရယ် ? ပျစ်ပျစ်နှစ်နှစ်ဟင်းရည်ဆူဆူပွက်ပွက်တွေထဲက အသားတွေကိုကြည့်ရင်းစသိခဲ့တာဆိုလည်းမမှားဘူးပေါ့နော်။

    မင်မင်သွားစားကြည့်ခဲ့တာလည်း အဲ့ဒီဟော့ပေါ့ပဲ အမဲသားနဲ့ ဝက်အူချောင်းဆိုပြီးရှိပေမယ့် မင်မင်ကတော့ ဝက်အူချောင်းဟော့ပေါ့လေးကိုစမ်းစားကြည့်ခဲ့တယ်။ ? ဟော့ပေါ့ထဲမှာထည့်မယ့် ပါဝင်ပစ္စည်းတွေအကုန်ပြင်ဆင်လာပြီး စားသုံးသူရှေ့ကျမှ မီးဖိုပေါ်တင်ပြီးချက်ပေးတာ။ ကျက်ဖို့လည်းသိပ်မစောင့်ရဘူးရယ်။ (၃)မိနစ်လောက်နဲ့တဗွမ်းဗွမ်းဆူလာပြီး အနံ့တလှိုင်လှိုင်သင်းလာရောရယ် ? အသွင်အပြင်ကိုကြည့်ရတာ ငရုတ်သီးအရောင်ရဲရဲနဲ့ စပ်မယ့်ပုံပေါ်ပေမယ့်  လုံးဝကိုမစပ်ဘူးကွယ် ?

မြင်သာအောင်ပြောပြရရင် ပဲပိစပ်အနှစ်အရသာတွေနဲ့ ကင်ချီအရသာကိုပေါင်းထားသလိုပဲ။ အရသာထိထိမိမိလေးနဲ့ အနှစ်ပြည့်ပြည့်လေးဆိုတော့ စားလို့တော်တော်ကောင်းတယ်ရယ်။ ဝက်အူချောင်းတွေ ၊ ငါးအသားလိပ်တွေအပုံကြီးနဲ့ Small size မှာတာတောင် နှစ်ယောက်မကုန်ဘူးရယ်။ အနှစ်အရသာတွေကလည်း ဝက်အူချောင်းတွေထဲထိစိမ့်ဝင်နေပြီး အရသာကပိုထူးခြားနေတယ်။ ချိုချဉ်ငံစပ်ကတော့ တော်တော်ကြီးကိုအစပ်အဟပ်တည့်တယ် ? ပြန်တွေးရင်းတောင်သွားရည်ကျချင်တယ်။ Small Size က(၇၀၀၀)ကျပ်ပဲပေးရတော့ တော်တော်ကြီးကိုတန်တယ်ပြောရမယ်။

Omuk က တော့ပိုကီတော့မကြိုက်ဝူးရယ် ။ အစပ်အရသာပိုစူးနေလို့လားမသိ ခံတွင်းနဲ့အံဝင်ဂွင်ကျသိပ်မဖြစ်ဘူး။ Fish Cake လေးတွေနဲ့ရောချက်ပေးထားတော့ အရသာပိုပေါ့ပြီး ပေါ့စပ်စပ်ဖြစ်နေသလိုခံစားရလို့ မင်မင့်ကိုတော့သိပ်မတုန်လှုပ်နိုင်ဘူးကွယ် ?

ဝက်စပ်ကြော်လေးနဲ့ ကိုရီးယားဆန်လေးကတော့ set အလိုက်လေး။ ဝက်စပ်ကြော်လေးက ကြက်သွန်ဖြူနံ့မွှေးမွှေးလေးနဲ့ အရသာလေးကလည်း တော်တော်မိုက်တယ်။ အနှစ်လေးတွေနဲ့ဝက်သားဖတ်လေးကို ဆလပ်ရွက်လေးထဲထည့်မြုပ် အပေါ်ယံကနေ ငရုတ်သီးစိမ်းလေးဖြူးပြီး ခံတွင်းထဲအပြည့်သွင်းလိုက်လို့ကတော့ တမြုပ်မြုပ်နဲ့ဝါးရင်းအရသာဓာတ်တွေ တလှုပ်လှုပ်ထွက်လာရော ? အရသာအရည်လေးတွေက လျှာပေါ်စိမ့်စိမ့်ဝင်ရင်း ခံတွင်းတွေ့ချက်ကတော့ ပြောမကုန်ဘဲ။ ဝက်စပ်ကြော်ဆိုပေမယ့် ငါးအသားလိပ်တွေရေထည့်ထားတာတော့ သိပ်မမိုက်ဘူးရယ်။၊ ဝက်သားချည်းသီးသန့်ထည့်ပေးမယ်ဆို ပိုစိတ်ကျေနပ်မိမှာအမှန်ပဲ ?

ရှူးရှဲခေါက်ဆွဲကတော့ ခေါက်ဆွဲသားစီးစီးလေးနဲ့ ခပ်ထွေးထွေးလေးရယ်။ ချိစ်အနှစ်တွေဆမ်းပေးထားလို့ အရသာဆိမ့်ထွက်ချက်ကတော့ လက်ကုန်ပဲ ? လာချချချင်းမြန်မြန်စားလိုက်တာပိုကောင်းတယ်။ မဟုတ်ရင်ထွေးသွားလို့ တူနဲ့ဆွဲရတာသိပ်အဆင်မပြေဘူးရယ်။ ရှူးရှဲဆိုပေမယ့် ထင်သလောက်တော့မစပ်ဘူး ? ရေညှိဖတ်လေးတွေဖြူးပေးထားတော့ အရသာလေးကတမျိုးထူးခြားနေတယ်။ ချိစ်အနှစ်လေးတွေလူးပြီး အားပါးတရတရွှတ်ရွှတ်စားလိုက်ရင် ပိုလို့မြိန်သေး ? ရှူးရှဲခေါက်ဆွဲနဲ့အတွဲအစပ်လေးကတော့ ထမင်းဆုပ်လေးတွေလေးခုပါတယ်။ ငါးဖယ်ဖတ်လေးတွေ မုန်လာဥနီ ၊ ဂေါ်ဖီလေးတွေနဲ့လုပ်ပေးထားလို့ ဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းတယ်။

ငါးအသားလိပ်တွေကတော့ စုံနေအောင်ရတယ်။ တစ်ခု(၂၅၀၀)ပေးရပေမယ့် တစ်ချောင်းကိုအကြီးကြီးပဲရယ်။ တစ်ခါစားစာလေးတွေလှီးပေးတော့ စားလို့ပိုအဆင်ပြေတယ်။ မင်မင်မှာစားခဲ့တာတွေထဲက ဂဏန်းငါးအသားလိပ်ကိုတော့ သိပ်ခံတွင်းမတွေ့ခဲ့ဘူးရယ်။ အရသာမထိမိသလိုပဲ။ အရောင်အသွေးလှပေမယ့် အရသာကျတော့ပေါ့ရွှတ်ရွှတ်နိုင်တယ်။ ငါးအသားလိပ်ထဲမှာတော့ ဝက်သုံးထပ်သားငါးအသားလိပ်အကောင်းဆုံးပဲ။ ကာလာအရမ်းမလှပေမယ့် အရသာကထိတယ်။ အိအိစက်စက်အရသာလေးတွေကြားထဲကနေ တိုးဝှေ့လာတဲ့အရသာတွေက ခံတွင်းထဲကိုညက်ညက်ညောညောလေးလှိမ့်ဆင်းသွားတာ တော်တော့်ကိုကောင်းတယ်။

အကုန်ခြုံပြောရမယ်ဆိုရင်တော့ အရသာရောဈေးနှုန်းပါတော်တော်ဂွတ်တဲ့ဆိုင်လေး။ သွား Try ဖြစ်ခဲ့မယ်ဆိုရင်တော့ ဝက်အူချောင်းဟော့ပေါ့လေးကို စားကြည့်ခဲ့ကြပါ။ လုံးဝခိုက်သွားမယ့်အရသာမျိုးပါနော်။ Omuk က Captital(ဒေါပုံ) ၊ City Mart(သမိုင်း) ၊ City Mall ၊ Myanmar Plaza ၊ Hledan Center ၊ Golden Valley တွေမှာဖွင့်လှစ်ထားတော့ နီးတဲ့နေရာကိုဒိုးရုံပဲ။ ကဲအရသာမြည်းစမ်းဖို့ သိပ်ကြာကြာစဉ်းစားမနေဘဲ မြန်မြန်သာဒိုးလိုက်တော့နော်။

Leave A Comment

Your email address will not be published. Required fields are marked *