အသားလုံးအစုံအလင်နဲ့ မာလာရှမ်းကောကိုဟန်ပန်နဲ့မစားဘဲ အဝစားချင်သူများအတွက်

ဘာပဲစားစားအကန့်အကတ်မထားဘဲ အဝစားရမယ့်ကျေနပ်ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက် အဝစားဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြပေးမယ်နော်။ ဒီဆိုင်လေးကတော့ အစားတစ်လိုင်းတို့လျှာဖျားမှာ ရေပန်းစားနေသလို ဘယ်နှကြိမ်စားစားရိုးမသွားအောင် အကြိုက်တွေ့နေတဲ့ မာလာရှမ်းကောပဲဖြစ်ပါတယ်။ ဒီလိုအဝစားနိုင်မယ့်ဆိုင်လေးကလည်း အစားတစ်လိုင်းတို့အကြိုက်တွေ့ပြီးသား Oh La La မှာပါ။ ဘူဖေးဆိုပေမယ့် ပုံမှန်စားနေကျအရသာအတိုင်းကိုမှ အဝစားနိုင်မှာဆိုတော့ အကြိုက်စားနိုင်သူတွေအတွက်တော့ တကယ်တန်တယ်နော်။

တစ်ယောက်ကို (၁၀၈၀၀)ကျပ်ဆိုတော့ ပုံမှန်စားနေကျဈေးနှုန်းလောက်ပဲကိုမှ တဝတပြဲကြီးစားနိုင်မှာနော်။ ပုံမှန်စားနေကျလိုမျိုး အသားလုံးတွေကို အရေအတွက်နဲ့စားနေစရာမလိုဘဲ စိတ်ကြိုက်ဆိုတော့အသားလုံးဖိုးနဲ့တင်တန်တယ်။ ငါးဥလုံး ၊ ဂဏန်းလုံး ၊ ဂဏန်းဖက်ထုပ် ၊ ပုဇွန်ဖက်ထုပ် ၊ ချိစ်ပုဇွန်လုံး ၊ ချိစ်ငါးလုံး ၊ ပုဇွန်ဥလုံး ၊ ဝက်သား ၊ ကြက်သား ၊ သုံးထပ်သား ၊ ဆော်လမွန်ဥလုံး ၊ ငါးဖယ်အစပ်လုံး ၊ ကြက်အစပ်ပြား ၊ ပြည်ကြီးငါးလုံးဆိုပြီး ရွေးစားစရာတွေတစ်ပုံတပင်ကြီးဆိုတော့ စိတ်တိုင်းကျမှာတော့ အသေအချာပဲ။ အရသာကလည်း စားဖူးသူတိုင်းစွဲမက်တတ်တာမျိုးဆိုတော့ အဝစားဆိုတာ တကယ့်ကိုမဟာသတင်းကောင်းပါပဲနော်။ စားသုံးချိန်က(၁)နာရီခွဲတည်းဆိုတော့ ခပ်သွက်သွက်စားနိုင်သူတွေအတွက်အကိုက်ပဲ။ ပိုလျှံတဲ့အစားအစာတွေကို ၁၀၀g (၃၀၀၀)ကျပ်ကောက်ခံတာကိုတော့ သတိချပ်ဖို့လိုမယ်နော်။

 

မာလာရှမ်းကောအပြင် ကြက်ခြေထောက်ချဉ်စပ် ၊ ထမင်းကြော် ၊ ဝက်နံရိုး ၊ ဂဏန်းချဉ်စပ် ၊ ကြက်တောင်ပံကြော် ၊ ကြာဇံကြော် ၊ ကြက်သားလုံးချက် ၊ ထိုင်ဝမ်မုန်ညင်းစတဲ့ဟင်းလျာတွေကိုလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ရနိုင်ဦးမှာဆိုတော့ တော်တော်ကြီးကိုတန်တယ်နော်။ အဝစားဆိုင်ကောင်းကောင်းလိုက်ရှာဖွေနေရင်တော့ ဒီဆိုင်လေးကို ညွှန်းပေးချင်ပါတယ်နော်။ ဆိုင်လိပ်စာကတော့ ဗဟိုလမ်း ၊ ရှမ်းလမ်းဈေးရှေ့ ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/ohlalaspicy

Leave A Comment

Your email address will not be published. Required fields are marked *