စျေးနှုန်းပိုးစိုးပက်စက်တန်ပြီး အရသာအရည်အသွေးမီတဲ့ မာလာရှမ်းကောဆိုင် ?

အခုရက်ပိုင်းမှာ အဟော့ဆုံးနဲ့အစားအများဆုံးလို့ပြောလို့ရတဲ့  ? ?  မာလာရှမ်းကောကို  ? စားနေကျဆိုင်တွေနဲ့မတူဘဲ ? ?  စျေးနှုန်းပိုးစိုးပက်စက်တန်တဲ့ ဆိုင်လေးအကြောင်းကို Foodies Navi ကနေပြောပြပေးချင်ပါတယ်။ ?  ?  တခြားဆိုင်တွေနဲ့လုံးဝမတူတဲ့ ထူးခြားချက်ကတော့ ဘယ်လောက်ဖိုးပဲစားစား  ? ?  ဟင်းအနှစ်ဖိုးပေးစရာမလိုဘဲ ကိုယ်ရွေးချယ်ထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့ ကျသင့်တဲ့ဂရမ်တန်ဖိုးပဲပေးရတာဆိုတော့ လုံးဝစားပျော်တဲ့ဆိုင်လေးပါ။  ? ?  ဒီဆိုင်လေးကတော့ တိုက်အမှတ်(၄၆) ၊ စမ်းချောင်းလမ်း ၊ စမ်းချောင်းမြို့နယ်မှာတည်ရှိတဲ့ Number One Spicy & BBQ ဆိုတဲ့ဆိုင်လေးပါ။ ?

100g ဆီအတွက်  ? ? ?  အသီးအရွက်ဆိုရင် ၅၀၀ကျပ် ၊ ရေစိမ်ဆိုရင် ၇၀၀ကျပ် ၊  ? ?  မှိုနဲ့အသားစုံဆိုရင် ၁၈၀၀ကျပ် ၊  ? ? ပင်လယ်စာဆိုရင် ၂၂၀၀ကျပ်ဆိုတော့ ဘယ်လိုတောင်စွန်းတန်တာလဲဆိုတာ ? ?  ပြောပြနေစရာတောင်မလိုတော့ဘူးနော်။ စျေးသက်သာတယ်ဆိုပြီး အရသာကိုလည်းလျှော့တွက်မထားနဲ့နော်။ ? ? နာမည်ကြီးမာလာရှမ်းကောဆိုင်တွေထက်မနိမ့်တဲ့ အရသာအရည်အသွေးကတော့  ? ?  လျှာပေါ်တင်ကြည့်ရုံနဲ့ မလွတ်တမ်းဝါးစားချင်စိတ်တွေ  ? ?  ဖြစ်ပေါ်လာစေနိုင်မှာပါ။ မာလာအနှစ်လေးတွေဟာ အသားလုံးလေးတွေ ၊ ပင်လယ်စာလေးတွေ ၊ အသားအနှံလေးတွေကြားထဲသာမက ခေါက်ဆွဲသားကြားထဲတွေမှာပါ  ? ?  တိုးဝင်နေသလို အရသာစိမ့်ဝင်မှုကတော့ လုံးဝအမှတ်ပြည့်ပါပဲ။ ❤  ? အစပ်အဟပ်တည့်ပြီး စပ်စပ်ထုံထုံမာလာရှမ်းကောကြိုက်သူတွေအတွက် မဖြစ်မနေသွားစားသင့်တဲ့ ဆိုင်လေးပါနော်။

 

လတ်ဆတ်သန့်ရှင်းတဲ့အသားတွေကို  ? ?  အသုံးပြုထားပြီး နူးညံ့အိစက်တဲ့အရသာတွေကို  ? ?  ခံစားရရှိစေနိုင်မယ့်  BBQ မျိုးစုံရရှိနိုင်သလို အစပ်ပြေပဲဖြစ်ဖြစ် အအီပြေပဲဖြစ်ဖြစ်  ? ?  အချိုတည်းနိုင်ဖို့အတွက် Soft Drink တွေကိုလည်း လိုက်ဖက်ညီစွာရရှိနိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့  ⏰ မနက်(၁၁)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/numberonespicy&bbq

Leave A Comment

Your email address will not be published. Required fields are marked *