တွဲဖက်မစားသုံးသင့်သောအစားအစာများ

တစ်ချို့အစားအစာတွေက တွဲဖက်စားသုံးရင် မူးဝေအော့အန်တာ၊ အဆိပ်တက်တာတွေဖြစ်တတ်ပါတယ်။ တစ်ချို့အစားအစာတွေကို အတူတွဲဖက်စားသုံးရင်တော့ စားပြီးပြီးချင်းမှာ ဘာပြဿနာမှမရှိပေမယ့် ရေရှည်မှာတော့ ဆိုးကျိူးဖြစ်တတ်တာတွေရှိပါတယ်။

အခုပြောပြချင်တာကတော့ အတူတွဲဖက်မစားသုံးသင့်တဲ့ သစ်သီးတွေပါ။ သစ်သီးတွေကို နှစ်မျိုး၊ သုံးမျိုးတွဲဖက်စားတာပဲဖြစ်ဖြစ်၊ ဖျော်သောက်တာပဲဖြစ်ဖြစ် အတူတွဲမစားသင့်တဲ့အသီးတွေရှိပါတယ်။

ဘာတွေလဲဆိုတော့ .

၁။ ဖရဲသီး၊ သခွားမွှေးသီး နဲ့ တခြားအသီးတွေကို အတူတွဲမစားပါနဲ့

ဖရဲသီးနဲ့ ဖရဲသီးနွယ်ဝင်အသီးဖြစ်တဲ့ သခွားမွှေးသီးတို့ဟာ အစာချေဖျက်ရလွယ်ကူတဲ့အသီးတွေပါ။ သူတို့ကို တခြားအသီးနဲ့ တွဲဖက်စားသုံးရင် သူတို့ကအရင်ကျေညက်သွားပြီး တခြားအသီးအနှံတွေက မကျေညက်ပဲဖြစ်တတ်ပါတယ်။

၂။ ငှက်ပျောသီးနဲ့ မာလကာသီး

လေ့လာမှုတွေအရ ငှက်ပျောသီးနဲ့ မာလကာသီးတို့ကိုတွဲဖက်စားသုံးတဲ့အခါ မူးဝေအော့အန်တာ၊ ခေါင်းကိုက်တာတွေဖြစ်စေတတ်ပါတယ်တဲ့။

၃။ လိမ္မော်သီးနဲ့ မုန်လာဥနီ

လိမ္မော်သီးနဲ့ မုန်လာဥနီတို့ကိုတွဲဖက်စားသုံးတဲ့အခါ ရင်ပူရင်ဆာဖြစ်ခြင်းကိုခံစားရတတ်ပြီး အစာချေရည်တွေပြန်အန်ထွက်တာမျိုးပါဖြစ်တတ်ပါတယ်တဲ့။

၄။ အချဉ်သီးတွေနဲ့ အချိုသီးတွေ

Acidic နဲ့ Sub-acidic အသီးတွေဖြစ်တဲ့ ကျွဲကောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ သလဲသီးတို့ကို ငှက်ပျောသီး၊ သင်္ဘောသီးတို့လိုချိုတဲ့အသီးအနှံတွေနဲ့ တွဲဖက်စားသုံးဖို့မသင့်တော်ပါဘူး။

၅။ သစ်သီး တွေနဲ့ ဟင်းသီးဟင်းရွက်တွေ

သစ်သီးဝလံခြင်းတူပေမယ့် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အစာအိမ်ထဲမှာချေဖျက်ခံရပုံခြင်းမတူပါဘူး။ အထူးသဖြင့် သစ်သီးတွေဟာ သကြားဓါတ်ပါဝင်တာမို့ ဟင်းသီးဟင်းရွက်တွေကို အစာချေဖျက်ဖို့အဟန့်အတားဖြစ်စေတယ်လို့ အဟာရပညာရှင်တွေက ဆိုထားပါတယ်။

 

Image Source : www.pinterest.com

Leave A Comment

Your email address will not be published. Required fields are marked *