(၁)ထောင်ကျပ်ရှိရုံနဲ့ ကော်ရည်ကောင်းကောင်းလေးစားပြီး ဗိုက်ကားလို့ရပြီနော်

အရသာထူးခြားသလို ဈေးတအားတန်လွန်းတာကြောင့် အခုတလောရေပန်းစားနေတဲ့ ခေါက်ဆွဲဆိုင်လေးကို အစားတစ်လိုင်းတို့မသိသေးမှာစိုးလို့ Foodies Navi ကနေလက်တို့ပေးလိုက်မယ်နော်။ ဒီခေါက်ဆွဲဆိုင်လေးကတော့ ခေါက်ဆွဲပေါင်းနဲ့ကော်ရည်ခေါက်ဆွဲတွေကို အဓိကထားရောင်းချပေးနေတဲ့ NooDi  ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဈေးနှုန်းတွေက(၅၀၀)ကျပ်ကနေစပြီး (၂၀၀၀)ကျပ်ကျော်အထိပဲဆိုတော့ ကော်ရည်ခေါက်ဆွဲအသည်းစွဲတွေကတော့ အထူးသတင်းကောင်းလေးပါပဲနော်။

ဆိုင်အပြင်အဆင်က သပ်ရပ်သန့်ရှင်းပြီး အေးအေးဆေးဆေးလေးထိုင်လို့ကောင်းတယ်။ ကော်ရည်ခေါက်ဆွဲကိုမှ ဝက်သားလုံးပေါင်း ၊ ဖက်ထုပ် ၊ ကြက်စဉ်းကော ၊ ဝက်စဉ်းကော ၊ ကြက်ပေါင်းဆိုပြီးစိတ်ကြိုက်အသားတွေနဲ့ မှာစားလို့ရတယ်။ ကော်ရည်စားတိုင်းမပါမဖြစ် ငပ်ထောင်းလေးကလည်းရှယ်ပဲ။ ငပိထောင်းများများလေးထည့်ပြီး ကော်ရည်ချဉ်စပ်လေးစားရင်လည်း ရှယ်ဂွတ် ။  ဒါ့အပြင် ဖက်ထုပ်ပီဇာ ၊ ငရုတ်ကောင်းဖက်ထုပ်ကြွပ်ကြော်စတဲ့ အရသာထူးခြားကောင်းမွန်တဲ့ စားဖွယ်ရာတွေလည်းရနိုင်သေးတယ်ရော။

ကြက်စဉ်းကော ၊ ဝက်စဉ်းကောနဲ့ဆို (၁)ပွဲ (၁၀၀၀)ကျပ် ၊ ကြက်ပေါင်း ၊ နံရိုးနဲ့ဆိုရင် (၂၀၀၀)ကျပ် ၊ ဖက်ထုပ်ဆို (၁၅၀၀)ကျပ်ပဲဆိုတော့ ဘတ်ဂျတ်ကိုထည့်စဉ်းစားနေစရာကိုမလိုဘဲ ဗိုက်ပေါက်ထွက်သွားအောင်အပီဆွဲလို့ရပြီနော်။ NooDi ရဲ့လိပ်စာကတော့ ဗိုလ်သူရလမ်းထောင့် ၊ အင်းစိန်လမ်း(အောက်ဘက်) ၊ ကြည့်မြင်တိုင်မြု့နယ်ဖြစ်ပါတယ်။ NooDi က Food2U Delivery နဲ့ချိတ်ထားတော့ အိမ်မှာဇိမ်ကျကျလေးနေရင်း မှာစားလို့လည်းရတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၉)နာရီအထိပဲဖြစ်ပါတယ်။

Image Source : www.facebook.com/noodi

Leave A Comment

Your email address will not be published. Required fields are marked *