တစ်ထောင်ကျပ်အိတ်ထဲထည့်ပြီး ယိုးဒယားအထောင်းလေးတွေ သွားစားရအောင်

စမ်းချောင်းထဲမှာ ကားနဲ့လှည့်ရောင်းတဲ့ No Name ဆိုတဲ့ သင်္ဘောသီးထောင်းဆိုင်လေးကို သတိထားမိကြလိမ့်မယ်ထင်ပါတယ်နော်။ သင်္ဘောသီးထောင်းကားလေးဘယ်ရောက်သွားလဲဆိုပြီး မျှော်နေတဲ့အစားတစ်လိုင်းတို့ရေ No Name ကဆိုင်ခန်းလေးနဲ့ မေလ(၂၂)ရက်နေ့ကစပြီး ဖွင့်လိုက်ပါပြီနော်။ အရင်ကားနဲ့ရောင်းကတည်းက လက်မလည်အောင်ရောင်းရတဲ့ ဒီဆိုင်လေးက အခုလိုဆိုင်ခန်းလေးမှာ အေးအေးဆေးဆေးထုင်စားလို့ရမယ်ဆိုတော့ ပိုလို့တောင်အဆင်ပြေသွားပါသေးတယ်။

ဈေးနှုန်းတွေကလည်း ယိုးဒယားသင်္ဘောသီးထောင်း- ၁၀၀၀ကျပ် ၊ ရခိုင်သင်္ဘောသီးထောင်း-၁၀၀၀ကျပ် ၊ ပြောင်းဖူးထောင်း-၁၀၀၀ကျပ် ၊ ဆားဘဲဥသင်္ဘောသီးထောင်း-၁၅၀၀ကျပ် ၊ ကြက်ခြေထောက်ချဉ်စပ်ထောင်း(အရိုးလွတ်)-၁၅၀၀ကျပ် ၊ ကြက်ခြေထောက်ထောင်း(အရိုးပါ)-၁၀၀၀ကျပ် ၊ ကြက်ခြေထောက်သင်္ဘောသီးထောင်း -၁၅၀၀ကျပ် ၊ ရေဘဝဲသုပ်-၁၅၀၀ကျပ် ၊ ပင်လယ်စာအစုံသုပ်-၂၀၀၀ကျပ် ၊ ကြက်ကြောလုံးသုပ်-၁၀၀၀ကျပ် ၊ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်-၁၀၀၀ကျပ် ၊ လက်ဖက်ထုပ်-၈၀၀ကျပ် ၊ ငါးနီတူသုပ်-၁၀၀၀ကျပ်နဲ့တခြား စားသောက်ဖွယ်ရာတွေကိုလည်း ဈေးချိုချိုလေးတွေနဲ့ရနိုင်ဉီးမှာဆိုတော့ တကယ့်ဘတ်ဂျတ်ဆိုင်လေးပါပဲနော်။

ဒါတောင်အက်မင်ညံ့သွားလို့ စဖွင့်တဲ့နေ့ဆိုဘာစားစား (၅၀)ရာခိုင်နှုန်းတဲ့ ကြိုမသိလိုက်တာ စိတ်တောင်မကောင်းဘူးရယ်။ ပုံမှန်ဈေးကလည်းသက်သာပြီးသားဆိုတော့လည်း ဘာပဲဖြစ်ဖြစ်အက်မင်ကတော့ အပီသွားစားမယ်။ No Name ရဲ့လိပ်စာကတော့-အမှတ်(၅၀) ၊ ပန်းခြံလမ်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၉)နာရီအထိပဲဖြစ်ပါတယ်။

Image Source: www.facebook.com/deliciousfoods

 

Leave A Comment

Your email address will not be published. Required fields are marked *