ဝက်သားကိုမှ Crazy ဖြစ်ပါတယ်ဆိုတဲ့ သူတွေအတွက်………..

အရသာ သန့်ရှင်းလတ်ဆတ် ကောင်းမွန်ပြီး စျေးနှုန်းချိုသာတဲ့ တရုတ်စားသောက်ဆိုင် ကောင်းကောင်းကို ရှာဖွေနေပါသလား? ဝက်သားကိုမှ Crazy ဖြစ်လှပါတယ်ဆိုတဲ့ လူတွေအတွက် အထူးသင့်တော်တဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြို့ထဲမှာ မဟုတ်ပေမယ့် သွားရလာရ လွယ်ကူပြီး နေရာကျယ်ဝန်းတာကြောင့်  စားသုံးသူအမြဲကြိတ်ကြိတ်တိုးနေတဲ့ ငွေတောင်တရုတ်စားသောက်ဆိုင်ကို လမ်းညွှန်ပေးချင်ပါတယ်။

                            

တရုတ်အစားအသောက် ကောင်းကောင်းကိုမှ မက်မောတတ်တဲ့ လူတွေအတွက် ငွေတောင် တရုတ်စားသောက်ဆိုင်ရဲ့ လိပ်စာကတော့- ၃၁ ဂိတ်မှတ်တိုင်အနီး ၊ သံသုမာလမ်း၊  တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန် ပဲဖြစ်ပါတယ်။

ငွေတောင် တရုတ်စားသောက်ဆိုင်မှာတော့ ကြေးအိုး ၊ ဝက်အခေါက်အသားကင် ပဲအချိုရည်စမ်း ၊ ဝက်အခေါက်အသားကင်သုတ် ၊ ဝက်အစုံသုတ် ၊ ဝက်အူစုံသုတ် ၊ ဝက်သားစုံသုတ် ၊ ဝက်နားရွက်သုတ် ၊ ဝက်/ကြက် ကုန်းဘောင်ကြီးကြော် ၊ ခေါက်ဆွဲကြော် ၊ ကြာဆံကြော် ၊ ထမင်းကြော် ၊ ထမင်းပေါင်း ၊ မလေးရှားခေါက်ဆွဲကြော် ၊ငါးခေါင်းဟင်းချို ၊ တုံယမ်းဟင်းချို ၊ ကတ်ကြေးကိုက် ၊ ပြည်လုံးချမ်းသာ ၊ ကိုက်လံကြော် ၊  ကြက်ကင်၊ဘဲကင်စတဲ့ဟင်းအမည်ပေါင်းများစွာကိုစိတ်ကြိုက်သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

 


 

 

 

 

 

 

 

 

 

 

 

 

စျေးနှုန်းကလည်း မထင်ထားလောက်အောင် ချိုသာပြီး ပေးရတဲ့တန်ဖိုးနဲ့ မလိုက်ဖက်လောက်အောင် အရသာကလည်း ရှယ်မှရှယ်မို့ မြန်မြန်သာ သွားစားလိုက်တော့နော်။ ဆိုင်ဖွင့်ချိန်ကလည်း မနက် ၈ နာရီကနေ ည ၁၀ ထိတောင် ဖွင့်လှစ်ထားတာဆိုတော့ဘယ်လိုလဲ ငွေတောင်ပဲပေါ့နော်။

Image Source : www.facebook.com/ngwetaung

Leave A Comment

Your email address will not be published. Required fields are marked *