အသားလုံးအိအိစက်စက်လေးတွေနဲ့ တွဲဖက်အရသာခံရမယ့် ဝက်သားလုံးရှမ်းခေါက်ဆွဲ

ဝက်သားမျှင်မွမွလေးတွေကို ကျစ်ကျစ်လျစ်လျစ်လေးလုံးထားတဲ့ အသားအရသာဓာတ်ပြည့်ပြည့်ဝဝ ဝက်သားလုံးလေးတွေကို ရှမ်းခေါက်ဆွဲလေးနဲ့တွဲဖက်စားလိုက်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲနော် ? မင်မင်ကတော့ စားဖူးခဲ့ပါပြီ  အရမ်းတွေခံတွင်းတွေ့လွန်းလို့ ပြန်လည်တွေးတောနေရင်းတောင် သွားရည်တွေထိန်းရတဲ့အထိပါပဲ ? မင်မင့်ဘော်ဒါတွေကိုလည်း အရသာကောင်းလေးတွေစားစေချင်လွန်းလို့ ဖောက်သည်ချပေးချင်ပါတယ်။ ဆေးထိုးတယ်တော့မထင်လိုက်ပါနဲ့နော် ? ဝက်သားလုံးရှမ်းခေါက်ဆွဲရနိုင်မယ့်ဆိုင်လေးက တောင်ဒဂုံထဲမှာဆိုတော့ နည်းနည်းတော့ဝေးတယ်ရယ်။ အစားအသောက်အတွက်ဆို ဘယ်လောက်ဝေးဝေးနယ်ချဲ့မယ်ဆိုတဲ့ အစားတစ်လိုင်းတွေအတွက်တော့ အိုကေနိုင်မှာပါနော်။

ဝက်သားလုံးရှမ်းခေါက်ဆွဲရနိုင်မယ့်ဆိုင်လေးက “နန်းမြဦး”ပါ။ ရှမ်းခေါက်ဆွဲဆိုနာမည်ကြီးလွန်းလို့ အဝေးကနေပါလာစားကြရတဲ့ဆိုင်လေးပါ။ အိမ်ဆိုင်ဖြစ်ပေမယ့် နာမည်ကြီးလွန်းလို့ တောင်ဒဂုံထဲမှာတောင် ဆိုင်(၂)ဆိုင်ရှိနေပါပြီ။ မင်မင်သွားစားခဲ့တာတော့ မူလဖွင့်တဲ့ဆိုင်လေး ? ပုံမှန်ဆိုရင်တော့ ရှမ်းခေါက်ဆွဲဝက်သားနဲ့စားနေကျပေမယ့် ဒီတစ်ခါတော့အဆန်းအနေနဲ့ ဝက်သားလုံးရှမ်းခေါက်ဆွဲလေးကို စမ်းမှာကြည့်လိုက်တယ်။ တော်တော်လေးတော့စောင့်ရတယ်ရယ် ? မှာမှအသားတွေကို ချက်ချင်းကြီးလုံးပြီးပြုတ်နေတော့ လတ်လတ်ဆတ်ဆတ်နဲ့ရှယ်တော့ စားရတယ် ? အသားလုံး(၂)လုံး(၃)လုံးလောက်ပဲမျှော်လင့်ထားတာ ရောက်လာတော့ အပုံလိုက်ကြီးဆိုတော့ မြင်ရတာစိတ်ချမ်းသာလိုက်တာ ? ရေကြည့်တော့ တစ်ပွဲကို(၁၂)လုံးပါတယ်ရယ်။ တစ်လုံးရဲ့အရွယ်အစားကလည်း အာခံတွင်းနဲ့အပြည့်ရယ် ? အသားလုံးလေးကို ကိုက်လိုက်တာနဲ့ အိစက်နူးညံ့တဲ့အသားအထိအတွေ့လေး ခံစားလိုက်ရပြီး အရသာက အသားရဲ့ချိုမြမှုတွေကို ထိထိမိမိကြီးခံစားလိုက်ရတယ်ရယ်။

အသားလုံးလေးကိုက်လိုက် ရှမ်းခေါက်ဆွဲလေးစားလိုက်နဲ့ ရှယ်တွေခံတွင်းတွေ့ချက်ပဲရယ် ? တစ်ပန်းကန်လုံးကုန်သွားမှန်းတောင်မသိလိုက်ဘူး ? ဗိုက်ကြီးတင်းပြီးကားသွားမှ ကုန်မှန်းသိတော့တယ် ? တစ်ပွဲကို(၃)ထောင်ပေးရတယ်။ (၃)ထောင်ဆိုတော့အစကနှမြောနေသေးတယ်ရယ် ? စားကြည့်ပြီးအားရှိသွားမှ ပေးရတာနဲ့တန်တယ်ဆိုပြီး ကြိတ်ပြီးပီတိတွေဖြာနေရော ? အစားတစ်လိုင်းမှန်ရင်တော့ ဒါလေးကိုကျိန်းသေစားဖူးစေချင်တယ်။ ကောင်းလွန်းလို့လောကကြီးကိုတောင် မေ့သွားမယ်နော် ?

ရှမ်းခေါက်ဆွဲနဲ့တခြားရှမ်းအစားအစာတွေ ၊ နံရိုးပေါင်းတွေလည်းကောင်းတယ်။ ရှမ်းခေါက်ဆွဲရိုးရိုးအသားနဲ့ဆိုရင်တော့ (၁)ထောင်လားပဲပေးရတယ်။ ဆိုင်ကတော့ အိမ်ဆိုင်လေးကိုမှ အတော့်ကိုသန့်တယ်။ ရေနွေးခွက်ချပေးတာတောင် ညှပ်လေးနဲ့ချပေးတာရယ်။ ပါဆယ်ဝယ်ရင် အိတ်နဲ့ထည့်ပေးတာတစ်ခုပဲစိတ်တိုင်းမကျတာရယ်။ ကျန်တာတော့ လုံးဝအဆင်ပြေတယ်။

အစားတစ်လိုင်းတို့သွားစားချင်ရင်တော့ နန်းမြဦးရဲ့လိပ်စာက တောင်ဒဂုံမြို့နယ်၊ ဂိတ်ဟောင်းမှတ်တိုင် ၊ မြို့ထဲဘက်အပြန်အခြမ်းကကားဂိတ်နဲ့ပိုနီးပါတယ်။ မှတ်တိုင်ရှေ့လမ်းမ စည်ပင်လမ်းပေါ်မှာပါ။ အာ့နားမှာတော့ ဆိုင်တွေကအပုံကြီးပဲ ။ My Meed တိုတဲ့ဆိုင်လေးနဲ့ကပ်ရပ်ပါ။ YBS စီးမယ်ဆိုရင်တော့ 59, 3,6 ကားတွေရောက်ပါတယ်နော်။ ?

Leave A Comment

Your email address will not be published. Required fields are marked *