မြန်မာဟင်းလျားနှင့်တရုတ်၊ရှမ်းအစားအစာများစုံစုံလင်လင်ရရှိနိုင်တဲ့..

Lunch & Dinner Eat Out ထွက်စားဖို့ဆိုင်ကောင်းကောင်းလေးသိချင်နေတဲ့စားသုံးသူတွေကို အရသာရှိလှတဲ့ဟင်းလျားအစုံအလင်ရရှိနိုင်တဲ့ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ Myanmar Secret စားသောက်ဆိုင်ဖြစ်ပြီး No.98, Shwe Taung Tan Street (Middle Block), Lanmadaw Township, Yangon မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိလှတဲ့ မြန်မာထမင်းဟင်း၊ တရုတ်ဟင်းလျာတွေ၊ ရှမ်းအစားအစာတွေနဲ့ အအေးမျိုးစုံ၊သစ်သီးဖျော်ရည်မျိုးစုံကို Myanmar Secret တစ်နေရာထဲမှာစုံစုံလင်လင်ရရှိနိုင်တဲ့အတွက် အစားအစာချစ်မြတ်နိုးသူတွေအတွက်အရမ်းကိုအဆင်ပြေစေမယ့်ဆိုင်လေးဖြစ်ပါတယ်။ စားသုံးသူတွေကြိုက်နှစ်သက်တဲ့အစားအစာကိုမှာယူသုံးဆောင်နိုင်တဲ့အပြင် အစားအသောက်တွေကလည်းအရမ်းအရသာရှိပြီးစျေးနှုန်းလည်းချိုသာတဲ့အတွက်ကြောင့် စိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်တဲ့ဆိုင်ဖြစ်ပါတယ်။

ဆိုင်လေးကသန့်ရှင်းလတ်ဆတ်ပြီး menu တွေကိုကြည့်လိုက်ရုံနဲ့ တကယ့်အရသာရှိတဲ့ Local Dishes တွေအစုံအလင်ရနိုင်တဲ့အတွက်ကြောင့်အခုပဲပြေးပြီးသွားစာချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေလာရောက်သုံးဆောင်တဲ့အခါမှာလည်း အဆင်ပြေစေရန် English Menu ရှိတဲ့အပြင် Myanmar Secret ရှိ Foodstuff ဝန်ထမ်းတွေကလည်း အင်္ဂလိပ်လိုပြောနိုင်တဲ့အတွက်ကြောင့် နိုင်ငံခြားဧည်သည်တော်တွေလည်းကြိုက်နှစ်သက်ရာ Local Dishes တွေကိုမှာယူသုံးဆောင်နိုင်တဲ့အတွက် customers အားလုံးကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

 

Main Menu အနေနဲ့ Myanmar Food, Chinese Food, Rice & curry, Fast Foods, Vegetarian, Meats and Noodles တွေရရှိနိုင်ပြီး အဓိက popular အဖြစ်ဆုံးအစားအစာတွေကတော့– Rice & Curry, Fried Noodles, Shan Noodles and Fried Prawn တွေပဲဖြစ်ပါတယ်။ ဆိုင်လေးကသန့်ရှင်းလတ်ဆတ်ပြီး Breakfast, Lunch and dinner အတွက်လူတစ်ယောက်ကိုမြန်မာကျပ် ၂၀၀၀ ကနေ ၅၀၀၀အထိပဲကျသင့်တဲ့အတွက်ကြောင့်စျေးနှုန်းချိုသာတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ အရသာရှိလှတဲ့ မြန်မာဟင်းလျား၊ တရုတ်၊ရှမ်းအစားအစာကောင်းတွေကိုစားချင်တယ်ဆိုရင် Myanmar Secret ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေ။

Myanmar Secret Facebook Page : www.facebook.com/MyanmarSecret/

 

Leave A Comment

Your email address will not be published. Required fields are marked *