ချဉ်ငံစပ်ထောင်းတွေကို ရှူးရှူးရှဲရှဲစားပြီး အကင်လေးတွေနဲ့အစပ်ဖြေဖျောက်နိုင်မယ့်…..

ချဉ်ချဉ်စပ်စပ်ယိုးဒယားအထောင်းတွေမြင်တာနဲ့ သွားရည်ယိုနေတတ်တဲ့အစားတစ်လိုင်းတို့အတွက် ယိုးဒယားအထောင်းပေါင်း(၄၀)ကျော်ကို ရှူးရှူးရှဲရှဲစားသုံးရင်း ခံတွင်းတွေ့သွားစေနိုင်ဖို့ ယိုးဒယားအစားအစာနဲ့ အကင်တွေစုံစုံလင်လင်ရရှိနိုင်တဲ့ မြနန္ဒာဆိုတဲ့ဆိုင်အကြောင်း ပြောပြပေးချင်ပါတယ်။ နာမည်ကြီးပြီးသားဆိုင်တစ်ခုဖြစ်ပေမယ့် မသိသေးတဲ့အစားတစ်လိုင်းတို့ကို လက်တို့နိုင်ဖို့ ဆိုင်လိပ်စာကတော့ အမှတ်(၃၆၇) ၊ ရတနာလမ်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန် ဖြစ်ပါတယ်။

မြနန္ဒာမှာရရှိနိုင်တာတွေထဲက ဘီယာလိုမျိုးသောက်စရာတစ်ခုခုနဲ့ဆို ရှယ်လိုက်ဖက်ပြီး အသားတစ်မျှင်ချင်းစီမှာ အရသာစိမ့်ဝင်နေလောက်အောင်ကောင်းတဲ့ အမဲနေလှန်းကြော် (၃၄၀၀ကျပ်) ၊ တခြားဆိုင်တွက ကြက်ခြေထောက်ထောင်းလို ကြက်ခြေထောက်အရိုးတွေထည့်မထောင်းထားဘဲ အပေါ်ယံအရေခွံလေးတွေကိုပဲ ဆိမ့်ဆိမ့်စပ်စပ်လေးထောင်းထားတဲ့ ကြက်ခြေထောက်ထောင်း (၃၉၀၀ကျပ်)  ၊ ဘီယာနဲ့မြည်းရင်ဂွတ်သလို ဒီတိုင်းစားမယ်ဆိုရင်လည်း  နံရိုးနုသားကိုရနံ့သင်းသင်းမွှေးမွှေးလေးနဲ့ကြော်ထားတာကြောင့် စားပြီးရင်းထပ်စားချင်စိတ်တွေဖြစ်ပေါ်စေမယ့် ဝက်နံရိုးနုကြော် (၃၉၀၀ကျပ်) ၊ ချဉ်ချဉ်စပ်စပ်ထောင်းထားပြီး အစပ်ပြေတို့စရာလေးတွေကိုပါ ဗန်းထဲမှာစုံစုံလင်လင်ထည့်ထားတာကြောင့် ပြည့်စုံကောင်းမွန်တဲ့အရသာတွေကို ခံစားရရှိစေနိုင်မယ့် တောထောင်း(၃၉၀၀ကျပ်) စတဲ့ Menu (၄)ခုကတော့ မြနန္ဒာရဲ့ လူကြိုက်အများဆုံးအစားအစာတွေပဲဖြစ်ပါတယ်။ ဗန်းနဲ့ထောင်းထားတဲ့ အထောင်းတွေရှိသလို (၁)ပွဲကို ၁၉၀၀ကျပ်ပဲကျသင့်မယ့် သင်္ဘောသီးထောင်း ၊ ပြောင်းဖူးထောင်း ၊ မုန့်တီထောင်း ၊ သခွားသီးထောင်း ၊ ပဲသီးထောင်းတွေကိုလည်းရနိုင်ပါသေးတယ်။

ချည်ချဉ်စပ်စပ်အထောင်းလေးတွေစားရင်း ပူပူစပ်စပ်ခံစားလာရပြီဆိုရင်တော့ အစပ်ပြေအနေနဲ့ အကင်လေးတွေနဲ့ဖြေဖျောက်လို့ရပါသေးတယ်။ အသီးအရွက် (၅၀၀ကျပ်) ၊ ကြက်/ဝက်သားပြားနဲ့ ငါး (၈၀၀)ကျပ်နဲ့ ၊ သုံးထပ်သား ဝက်လျှာ ဝက်နားရွက် (၁၅၀၀~၂၀၀၀)နဲ့လတ်လတ်ဆတ်ဆတ် အစပ်ဖြေလို့ရပါသေးတယ်။ ဘီယာတွေလည်းအစုံရရှိတာကြောင့် ယောကျာ်းလေးအကြိုက် ၊ မိန်းကလေးအကြိုက်ဆိုပြီး သီးသန့်ခွဲထုတ်နေစရာမလိုဘဲ ပျော်ပျော်ပါးပါး Chill လို့ရနိုင်မယ့်ဆိုင်လေးပါနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/myanandar

Leave A Comment

Your email address will not be published. Required fields are marked *