ကချင်မြေကြီးကိုတောင်လွမ်းဆွတ်သွားစေမယ့် ကချင်ရိုးရာအစားအစာစစ်စစ်တွေစားချင်ရင်တော့

တိုင်းရင်းသားရိုးရာအစားအစာတွေကိုမှ လှည့်ပတ်စားနေတတ်တဲ့အစားတစ်လိုင်းတို့အတွက် ကချင်ရိုးရာအစားအစာကောင်းကောင်းလေးတွေရနိုင်မယ့် ကချင်စားသောက်ဆိုင်လေးအကြောင်းပြောပြပေးမယ်နော်။ ဆိုင်နာမည်လေးက ” မုအိုင်”ပါ။ မုအိုင်ရဲ့အဓိပ္ပါယ်က မြန်မာလိုဆိုရင် “စားလို့ကောင်း” တဲ့။ နာမည်လေးအတိုင်း တကယ်ကိုစားလို့ကောင်းလို့ ကချင်အစားအစာကြိုက်တဲ့အစားတစ်လိုင်းတို့ကို လက်တို့ပေးတာပါနော်။ လူစည်ကားတဲ့နေရာမှာဖွင့်ထားပေမယ့် ကျဉ်းကျဉ်းကျပ်ကျပ်မဟုတ်ဘဲ  အေးအေးဆေးဆေးလေးထိုင်လို့ကောင်းတဲ့ဆိုင်လေးပါ။

 

မုအိုင်မှာတော့ အမဲသားနဲ့နှမ်းလုံးထမင်း အတော်လေးနာမည်ကြီးတယ်။ အမဲဖတ်လေးကအိစက်နေသလို ထမင်းလုံးတွေကလည်း အတွင်းထဲထိ အရသာစိမ့်ဝင်နေပြီး စီးစီးပိုင်ပိုင်လေးနဲ့ နှမ်းလေးတွေပါကပ်ပေးထားတော့ ဆိမ့်နေရောပဲ။ ငါးပေါင်းထမင်းလေးလည်းမဆိုးဘူးရယ်။ ဖက်နဲ့ထုပ်ပြီးပေါင်းထားတဲ့ငါးအသားလွှာလေးတွေက နူးအိပြီးမွမွလေးဖြစ်နေရော ။ Sauce လေးဆမ်းပြီး ထမင်းလေးနဲ့ရောစားရင် အရသာရှိမှရှိ ။ သုံးထပ်သားအိုးကပ်ကလည်း အနှစ်လေးတွေနဲ့စိုဖတ်ဖတ်လေးချက်ပေးထားပြီး သုံးထပ်သားလေးတွေက အိဖတ်ပြီးစားလို့ကောင်းနေရောပဲ။ ကချင်အမဲဂုတ်သားပေါင်း ၊ စကောထမင်း ၊ ပင်လယ်စာကချင်ချက် ၊ ကချင်ဆာတေးစုံနေရောပဲ။

ဘာပဲမှာစားစား မှာမှသာပြင်ဆင်ချက်ပြုတ်ပေးတာမို့ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးလေးစားရသလို တော်တော်လေးလည်းစောင့်ရတယ်ရယ်။ ဈေးနှုန်းတွေက ပုံမှန်အနေအထားလေးပဲ။ ကချင်အစားအစာတော်တော်များများကိုလည်း ကချင်ရိုးရာလက်ရာအတိုင်းရနိုင်တော့ ကချင်စာကြိုက်တဲ့အစားတစ်လိုင်းတွေအတွက်ကတော့ လုံးဝကွက်တိပဲနော်။ ဆိုင်လိပ်စာကတော့ လှည်းတန်း(၁)လမ်း ၊ ကမာရွတ်မြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/deliciousfoods&places

 

Leave A Comment

Your email address will not be published. Required fields are marked *