ထိုင်းစားဖိုမှူးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အရသာရှိထိုင်းစာများစားချင်ရင်တော့…

ထိုင်းနိုင်ငံသို့ရောက်ရှိသွားသလိုမျိုးခံစားရပြီး ထိုင်းစားဖိုမှူးကိုယ်တိုင်စီမံချက်ပြုတ်ထားသော အရသာရှိထိုင်းအစားအစာများကို ကန်တော်ကြီးမှာဖွင့်ထားတဲ့ Mu Ka Hat Thai BBQ Restaurant တွင်ရရှိနေပြီနော်။ ထိုင်းအစားအစာတွေကိုကြိုက်နှစ်သက်သူတွေအတွက်တကယ့်ကို ခံတွင်းတွေ့ပြီး စိတ်ကျေနပ်မှုရရှိနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ ဒီ Mu Ka Hat Thai BBQ Restaurant တွင်ထိုင်းစာအပြင် Seafood အစားအစာတွေကိုပါရရှိနေပါပြီ။ ကန်တော်ကြီးမှာ မနက်စောစောလေ့ကျင့်ခန်းလုပ်တဲ့သူတွေကို သတင်းကောင်းပါချင်တာကတော့ Mu Ka Hat Thai BBQ Restaurant မှာဆိုရင်မနက်စာအနေနဲ့ အသုပ်မျိုးစုံ၊ လက်ဖက်ရည်နှင့်ကော်ဖီသို့လည်းရရှိနေပြီဖြစ်တဲ့အတွက် လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် အမောဖြေရင်းလတ်ဆတ်အရသာရှိတဲ့အစားအစာများကို သုံးဆောင်လို့ရပြီနော်။

Mu Ka Hat Thai BBQ Restaurant – Kandawgyi Karaweik Garden Branch and  No.51 Thitsar Street South Okalapa Township Yangon ဆိုပြီးနှစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။ မိသားစုလိုက်စိတ်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေပျော်ရွှင်ကြည်နူးစွာအချိန်ကုန်ဆုံးဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့နောက်ပြောင်ကျီးစယ်ကစားဖို့ပဲဖြစ်ဖြစ် ကန်တော်ကြီးကိုလာတဲ့အခါ Mu Ka Hat Thai BBQ Restaurant မှာဝင်ရောက်စားသုံးဖို့အကြံပေးချင်ပါတယ်။  Thai Food, Seafood အပြင် Dim Sum တွေလည်းရရှိတဲ့အတွက် အစားအစာကိုချစ်မြတ်နိုးသူတွေ ကိုယ်ကြိုက်တဲ့အစားအစာကိုအရသာရှိရှိမှာယူသုံးဆောင်နိုင်တဲ့ စားသောက်ဆိုင်ကောင်းတစ်ဆိုင်ဖြစ်ပါတယ်။ အရသာရှိတဲ့အစားအစာများကိုစားသုံးရင် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

Mu Ka Hat Thai BBQ Restaurant Facebook Page : www.facebook.com/Mu-Ka-Hta-Thai-BBQ-Restaurant

Image Source : www.facebook.com/Mu-Ka-Hta-Thai-BBQ-Restaurant

Leave A Comment

Your email address will not be published. Required fields are marked *