ပူပူနွေးနွေး အရသာရှိရှိနဲ့ စျေးနှုန်းချိုသာစွာသုံးဆောင်နိုင်မယ့် Mr.Bite……………

ဝမ်းဗိုက်ဆာလောင်မှုဒဏ်ကိုခံစားနေရပြီဆိုရင် အလိုလိုစိတ်ရှုပ်လာပြီး စိတ်ကူးသစ်တွေကြံစည်တွေးတောဖို့ ခက်ခဲလာနိုင်ပါတယ်။ ဗိုက်တအားဆာနေလို့ တွေ့ရာဆိုင်ဝင်စားပြန်ရင်လည်း ခံတွင်းနဲ့အစပ်အဟပ်မတည့်လို့ ပိုပြီးစိတ်ရှုပ်ရတတ်ပါတယ်။ ဒီလိုတွေမကြုံတွေ့ရစေဖို့အတွက် စားသောက်ဆိုင်ကောင်းကောင်းလေးတွေကို List လုပ်ထားနိုင်ဖို့ Foodies Navi ကနေ အရသာရှယ်လန်းတဲ့စားသောက်ဆိုင်တွေကို  မိတ်ဆက်ပေးနေရာမှ ဒီတစ်ခါမှာတော့ Mr. Bite ဆိုတဲ့ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်နော်။ ဒီဆိုင်လေးကတော့ (၃၉)လမ်း ၊ ဗန်းမော်တိုက် ၊ (၇၂)လမ်းနှင့်(၇၃)လမ်းကြားမှာတည်ရှိတာဖြစ်ပါတယ်။

Mr . Bite မှာဆိုရင်တော့ ဆန်သားအကောင်းစားတွေကို လတ်လတ်ဆတ်ဆတ်အသီးအရွက် ၊ အသားတွေနဲ့ရောပြွမ်းပြီး ကြော်ထားတဲ့ထမင်းကြော်( စပိန် ၊ နာနတ်သီး ၊ တုံယမ်း ၊ ပင်လယ်စာ ၊ သီးစုံ ၊ ကြက်ဥ ၊ ငပိ …..) ၊ ရနံ့သင်းသင်းလေးနဲ့ ပူပူနွေးနွေးထမင်းကြော်လေးဟာ ဗိုက်ဆာနေချိန်မှာတော့ နတ်သုဒ္ဓါတစ်ပွဲအလား လျှာနဲ့ကွက်တိကျကာ စားပြီးရင်းထပ်ထပ်စားချင်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ အသီးအရွက်နဲ့အသားတွေရဲ့ အရသာတွေဟာ ထမင်းလုံးလေးတွေထဲထိ စိမ့်ဝင်နေတာကြောင့် တစ်ဇွန်းစားမိရုံနဲ့ အရသာထူးကဲမှုကို ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ ခေါက်ဆွဲသားနူးနူးညံ့လေးတွေသုံးပြီး ဥရောပစတိုင်ချက်ပြုတ်ပြင်ဆင်ထားပေမယ့် မြန်မာခံတွင်းနဲ့လိုက်ဖက်ညီတဲ့  Spaghetti ( Creamy Sauce , Tomato Sauce ) ၊ ကြွပ်ကြွပ်ရွရွနံကင်လေးတွေကို အနှစ်အရသာအပြည့်ပါဝင်အောင် ပြန်လည်ချက်ပြုတ်ထားတဲ့ နံကင်ပြန်ချက်စတာတွေအပြင် အချိုတည်းဖို့အတွက်လတ်ဆတ်တဲ့ရာသီပေါ်အသီးအနှံများကိုဖျော်ရည်အဖြစ်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ထားပြီး အရသာပေါင်းစပ်မှုကလည်း အပိုအလိုမရှိကွက်တိဖြစ်သလို စျေးနှုန်းကလည်းချိုသာတာကြောင့် စားသုံးသူတွေကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မှာပါ။ Foodies တို့အတွက် စားသောက်ဆိုင်ကောင်းကောင်းတွေကို List လုပ်ထားတဲ့အထဲမှာ မဖြစ်မနေထည့်ထားသင့်တဲ့ဆိုင်လေးပါနော်။

 

 

Image Source : www.facebook.com/mrbite

Leave A Comment

Your email address will not be published. Required fields are marked *