မာလာဝက်သားဒုတ်ထိုး အသစ်အဆန်းလေးစားပြီး ဂေါ်လို့ရပြီနော်

ဝက်သားဒုတ်ထိုးဆို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် စားတတ်တဲ့အစားတစ်လိုင်းတို့အတွက် အရသာအသစ်လေးခံစားရတော့မယ့် သတင်းကောင်းလေးပြောပြပေးမယ်နော်။ နာမည်ကြီးဝက်သားဒုတ်ထိုးဆိုင်တွေထဲက အစားတစ်လိုင်းတို့အကြိုက်တွေ့ပြီးသားဖြစ်တဲ့ Mommy’s Joy Pork Sticks မှာ ဝက်သားဒုတ်ထိုးကို အရသာအဆန်းတိုးလာပြန်ပါပြီနော်။ ဒီအသစ်လေးကတော့ မာလာအရသာဝက်သားဒုတ်ထိုးပါ။

 

ပုံမှန်စားနေကျ ဝက်သားဒုတ်ထိုးအရသာကို ခေတ္တခဏခေါက်ထားလိုက်ပြီး အရသာခံလျှာလေးကို မာလာအရသာအသစ်အဆန်းလေး မြည်းစမ်းခံစားခွင့်ပေးလိုက်တော့နော်။ ရှယ်ဂေါ်တဲ့အရသာမို့ ရူးသွပ်စွဲလမ်းသွားမှာအသေအချာပါပဲ။ ခါတိုင်းစားနေကျထက် ပိုထူးခြားဆန်းပြားသွားမှာပါ။ ပုံမှန်စားနေကျလို ဝက်သားဒုတ်ထိုးဟင်းရည်ကို ငရုတ်သီးတွေထည့် ၊ သံပုရာသီးတွေညှစ် ၊ ကြက်သွန်ဖြူတွေရောထည့်ပြီး ချဉ်စပ်တွေစပ်ဟပ်နေစရာ လုံးဝမလိုတော့ဘူးဆိုတော့ အချဉ်အစပ်ကြိုက်တဲ့ အစားတစ်လိုင်းတို့အတွက် ရှယ်ဂေါ်ဦးမှာအသေအချာပါပဲနော်။ ဘာစားစားမာလာအရသာပါမှစားတတ်တဲ့ အစားတစ်လိုင်းတို့အတွက်လည်း လုံးဝကွက်တိပဲကိုယ့်လူ။

အသစ်လေးတွေမြည်းစမ်းပြီးပြီဆိုရင်လည်း အရင်ကအကြိုက်တွေ့ပြီးသားဖြစ်တဲ့ Mommy’s Joy ရဲ့  ဝက်သားအကင်နဲ့ ဝက်သားအကြွပ်ကြော်လေးတွေလည်း ထပ်စားပြီးဇိမ်ခံလို့ရသေးတယ်နော်။ နာမည်ရပြီးသားဆိုင်လေးမို့ အထွေအထူးပြောပြနေစရာလိုမယ်မထင်ပါဘူးနော်။ ဆိုင်လိပ်စာကတော့ အမှတ်(၃၈) ၊ မကြီးကြီးလမ်း(အောက်) ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

 

Image Source: www.facebook.com/mommy’sjoy

 

Leave A Comment

Your email address will not be published. Required fields are marked *