အစပ်အဟပ်တဲ့အသုပ်စုံကောင်းကောင်းလေးကို ဈေးသက်သက်သာသာနဲ့စားနိုင်မယ့်

ဘယ်လိုအသစ်အဆန်း အစားအသောက်တွေပေါ်ထွက်လာပါစေ မြန်မာတွေခံတွင်းနဲ့ ဘယ်တော့မှခွဲထုတ်လို့မရတာကတော့ အသုပ်စုံပါပဲ။ မနက်မိုးလင်းလို့ မနက်စာဆိုလည်း အသုပ်စုံ၊ နေ့ခင်းနေ့လည်အဆာပြေစာအတွက်လည်း အသုပ်စုံ ၊ တခါတလေညနေခင်းတောင် အသုပ်နဲ့ကခွဲထွက်မရဘူးရယ်။ ဒီတော့ အသုပ်စုံတွေကို ဈေးသက်သက်သာသာနဲ့စားလို့ကောင်းလွန်းတဲ့ဆိုင်လေးကို လမ်းညွှန်ပေးဖို့လိုအပ်နေပြီမို့ တခါစားပြီးစွဲငြိသွားစေနိုင်တဲ့ “အမေနှင့်သမီးများ”ဆိုတဲ့ဆိုင်လေးကိုညွှန်းပေးချင်ပါတယ်။ စဖွင့်ဖွင့်ခြင်းတုန်းက မုန့်ဟင်းခါးနဲ့နာမည်ကြီးတာရယ်။ အခုကျမုန့်ဟင်းခါးရော အသုပ်တွေပါ တော်တော်ဖိုင်းလို့ အစားတစ်လိုင်းတို့ကိုလက်တို့ပေးလိုက်တာပါ။

အသုပ်တွေဆိုရင်တော့ ခေါက်ဆွဲသုပ် ၊ ကြာဇံသုပ် ၊ ပဲပြားသုပ်၊ သင်္ဘောသီးသုပ် ၊ တို့ဟူးသုပ် ၊ ငါးဖယ်အစာသွပ် ၊ ပဲပြားအစာသွပ် ၊ ရှောက်သီးသုပ်တွေရနိုင်ပြီး မုန့်ဟင်းခါး ၊ ကြာဇံချက်တွေလည်းရနိုင်သေးတယ်ရယ်။ မုန့်ဟင်းခါးဆို ငါးဖယ်၊ ဘဲဥ ၊ အီကြာကွေး ၊ ပဲကြော်တွေအပြင် ငါးသလောက်ဥပါရနိုင်သေးတယ်။ အရသာကလည်းလုံးဝအကြိုက်တွေ့စေမယ့်အရသာမျိုး ။ ချိုငံအရသာတွေမျှတတာမို့ ရေငတ်တာမျိုးတွေလည်းမဖြစ်ဘူး။ အသုပ်တွေကိုလည်း စိုဖတ်ဖတ်လေးနဲ့ အစာဝင်အောင်သုပ်ပေးထားတော့ အစပ်အဟပ်တော်တော်တည့်တယ်။ အပြင်အဆင်လေးလည်းသန့်တော့ စားရတာစိတ်ချမ်းသာတယ်ရယ်။ အသုပ်တွေမှာ အချိုမှုန့်သုံးတော့ အချိုမှုန့်ရှောင်တဲ့သူဆိုရင် မမှာခင်အချိုမှုန့်မထည့်ဖို့ ကြိုမှာရလိမ့်မယ်။

မင်မင်ကတော့ သင်္ဘောသီးသုပ်လေးကို အခိုက်ဆုံးပဲ။ ဗမာသုပ်ချဉ်ချဉ်စပ်စပ်လေးကိုမှ ဆီချက်ဖတ်များများလေးနဲ့ဆိုတော့ စားလို့လွှတ်ကောင်းပဲ။ သာကူ ၊ ရွှေရင်အေး နဲ့ဖျော်ရည်တွေလည်းရနိုင်သေးတယ်။ ဈေးနှုန်းတွေကလည်း (၈၀၀)~(၁၀၀၀)ဆိုတော့ တော်တော်လေးသက်သာတယ်ပြောရမယ်။ နေ့ခင်း(၃)နာရီလောက်ဆိုရင်တော့ အသုပ်တွေစုံစုံလင်လင်ရပြီဆိုတော့ အချိန်လေးတော့ချိန်သွားကြပါနော်။ ဒီအသုပ်ဆိုင်လေးကတော့ ဘော်ထောက် ၊ ပြည်သာယာလမ်းပေါ်မှာပါ။ လမ်းညွှန်အခက်အခဲရှိတယ်ဆိုရင်လည်း ဆိုင်ဖုန်းနံပတ် 09796988386, 09420123015 တွေကိုဆက်ပြီးမေးလိုက်လို့ရတယ်နော်။

 

Image Source: www.facebook.com/deliciousfoodsplaces

 

Leave A Comment

Your email address will not be published. Required fields are marked *