ရာသီဥတုအေးစိမ့်စိမ့်လေးမှာ မုန့်တီသောက်ရင်းငြိမ့်နိုင်ဖို့ ရန်ကုန်ကမုန့်တီဆိုင်လိပ်စာများ

မိုးကအေးစိမ့်စိမ့်လေးနဲ့ဆိုတော့ ပူပူစပ်စပ်လေးစားပြီး ငြိမ့်ဖို့တော့အချိန်ကျလာပြီနော်။ ဘွားဘွားမေမေတွေလက်ထက်ကတည်းအထိ အခုထက်ထိရိုးမသွားဘဲ အကြိုက်တွေ့နေကတော့ “မုန့်တီ” ပါ ? ချဉ်ငံစပ်ကြိုက်သလိုထည့်ပြီး အစပ်ဒဏ်ကြိုက်သလောက်ခံလို့ရတာမို့ ရှူးရှူးရှဲရှဲနဲ့  အခိုးပွင့်ထွက်သွားစေဖို့ အကောင်းဆုံးအစားအစာပါပဲနော်။ မုန့်တီကောင်းကောင်းရနိုင်တဲ့ဆိုင်တွေကတော့ ရန်ကုန်မှာတစ်ပုံကြီးပဲရယ် ? ရခိုင်မုန့်တီ ၊ ထားဝယ်မုန့်တီ ၊ မုံရွာမုန့်တီဆိုပြီး အစားတစ်လိုင်းတို့ကြိုက်တဲ့ဆိုင်ရွေးနိုင်ဖို့ အက်မင်သိသလောက် မုန့်တီဆိုင်လိပ်စာလေးတွေကို အလင်းပြလိုက်တယ်နော်။

  • ကြည့်မြင်တိုင်မုန့်တီ

ဗိုလ်သူရလမ်း ၊ ကြည့်မြင်တိုင်မြို့နယ်ဖြစ်ပါတယ်။ ကျောင်းကြီးလမ်းကဝင်ရင်ရသလို ရတနာပုံလမ်းကဝင်ရင်လည်းရပါတယ်။

  • မင်းလမ်းမုန့်တီ

အမှတ်(၆၉) ၊ ဝေဇယန္တာလမ်း ၊ (၈)ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်။

  • စိုးစိုးမုန့်တီ

မြေနုလမ်းနှင့် ပြည်လမ်းထောင့် ၊ စမ်းချောင်းမြို့နယ်။

  • ဝင်းဝင်းမုံရွာမုန့်တီ

ကျွန်းတောလမ်းနှင့် ဖျာပုံလမ်းထောင့် ၊ စမ်းချောင်းမြို့နယ်။

  • ရွှေသိရွှေဘိုမုန့်တီဆိုင်

အမှတ်(၂၃) ၊ လှည်းတန်းဗဟိုလမ်း ၊ ခိုင်ရွှေဝါကားမှတ်တိုင်အနီး။

  • ကောင်းသန့် “ပင”ရေစိုလက်ညှစ်မုန့်တီ

အမှတ်(၈) ၊ ပါရမီလမ်း ၊ (၆)ရပ်ကွက် ၊ (AD)မီးပွိုင့်အနီး ၊ အင်းယားလေးကန်ရှေ့၊ RC2 အနီး ၊ မရမ်းကုန်းမြို့နယ်။

 

  • ကိုတံငါ ရခိုင်မုန့်တီနဲ့ပင်လယ်စာဆိုင်

အမှတ်(၁၄၉) ၊ ဘိုကလေးဈေးလမ်း(အလယ်)ဘလောက် ၊ ဗိုလ်တထောင်မြို့နယ်

 

 

Leave A Comment

Your email address will not be published. Required fields are marked *