မိုးကုတ်မှာကိုယ်တိုင်သွားစားနေသလို မိုးကုတ်ဒေသလက်ရာတွေအတိုင်း သုံးဆောင်နိုင်မယ့်

ပတ္တမြားမြေလို့ထင်ရှားကျော်ကြားတဲ့ မိုးကုတ်မြို့ဟာ သယံဇာတပေါကြွယ်ဝမှုကြောင့် နာမည်ကျော်ကြားသလို အစားအသောက်ကောင်းတွေပေါများမှုတွေကြောင့်လည်း လူသိများလှပါတယ်။ မိုးကုတ်မြို့ရဲ့ဒေသအစားအစာတွေဆိုရင် ပုံလေးမြင်ရရုံနဲ့ကို စားချင်စိတ်တွေတဖွားဖွားဖြစ်ပေါ်လာစေတဲ့ အစားအစာတွေပါ။ ဒီလိုအစားအစာတွေကိုစားဖို့ မိုးကုတ်ထိသွားရမယ်ဆိုရင် အစားတစ်လိုင်းစိတ်ပျက်သွားမှာစိုးလို့ ရန်ကုန်မှာတင် မိုးကုတ်ဒေသအစားအစာတွေကို တဝကြီးသုံးဆောင်နိုင်မယ့် မိုးကုတ်ရှမ်းခေါက်ဆွဲဆိုင်လေးအကြောင်း ပြောပြပေးချင်ပါတယ်။

မိုးကုတ်ရှမ်းခေါက်ဆွဲဆိုင်မှာတော့ နူးနူးညံ့ညံ့ခေါက်ဆွဲသားလေးတွေကို အဆာပလာအစုံအလင်နဲ့ အစပ်အဟပ်တည့်စွာစားသုံးနိုင်မယ့် ရှမ်းခေါက်ဆွဲ/ဆန်စီး(အရည်/အသုပ်)ချဉ်စပ် ၊ ကြက်သားတစ်မျှင်ချင်းစီကနေ အရသာဓာတ်တွေစိမ့်ထွက်လာသလိုမျိုး ပေါင်းထားတဲ့ကြက်ပေါင်းအရသာလေးတွေက ခေါက်ဆွဲစီးစီးလေးတွေကြားထဲအထိ အရသာစိမ့်ဝင်နေစေတဲ့ ကြက်ပေါင်းခေါက်ဆွဲ ၊ နာမည်ကြီးပြီးသား မိုးကုတ်မြီးရှည်အရသာအတိုင်း ထပ်တူခံစားရရှိနိုင်မယ့် မြီးရှည်(အရည် ၊ အသုပ်) ချဉ်စပ် ၊ လတ်လတ်ဆတ်ဆတ်ပဲအရသာတွေကို ပျစ်ပျစ်နှစ်နှစ်နဲ့ပူပူနွေးနွေးလေးသုံးဆောင်ရမယ့် တို့ဟူးနွေး ၊ မအီဘဲထုတ်ထုတ်လေးနဲ့စားလို့ကောင်းတဲ့ ဝက်ခေါင်းသားတွေကို ရှယ်သုပ်ပေးထားတဲ့ ဝက်ခေါင်းသုပ်စတဲ့ စားဖွယ်ရာအစုံအလင်ကို မိုးကုတ်ဒေသလက်ရာတွေအတိုင်း တဝကြီးသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေကလည်း ၁၀၀၀ကျပ်ကစပြီး ၃၀၀၀ကျပ်ထိဆိုတော့ စျေးသင့်သင့်လေးနဲ့အရသာရှိရှိသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ သပ်ရပ်သန့်ရှင်းမှုကလည်း ပြောစရာမလိုအောင်ကောင်းတယ်ဆိုတော့ ကျန်းမာရေးအတွကလည်းစိတ်ချရတယ်နော်။ ဆိုင်လိပ်စာကတော့ အမှတ်(၂၀၇) ၊ ၃၅လမ်း(အထက်) ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီကနေ ည(၆)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/mogokeshannoodle

Leave A Comment

Your email address will not be published. Required fields are marked *