ရခိုင်အစားအစားနှင့်ပင်လယ်စာကောင်းကောင်းစားချင်တဲ့သူတွေအတွက်..

မင်းလမ်းရခိုင်လက်ညှစ်မုန့်တီဆိုင်ကိုလူတော်တော်များများသိကြမယ်လို့ထင်ပါတယ်။ ရခိုင်အစားအစာ၊ ပင်လယ်စာနှင့် အချိုတည်းမြန်မာရိုးရာမုန့်တွေအစုံရရှိနိုင်တဲ့နေရာလေးပါ။ မိုးတွင်ဘက်စပ်စပ်ကလေးရခိုင်စာ စားချင်တဲ့သူတွေ၊ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ခံတွင်းမတွေ့လို့ပဲဖြစ်ဖြစ်၊ စပ်စပ်ကလေးစားချင်တယ်၊ ခံတွင်းတွေ့ချင်တယ်ဆိုရင် မင်းလမ်းရခိုင်လက်ညှစ်မုန့်တီဆိုင်ကိုလှမ်းခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်။

ဒီမင်းလမ်းရခိုင်လက်ညှစ်မုန့်တီဆိုင်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးချစ်မောင်လမ်းမ၊မင်းလမ်းထိပ်တွင် စတင်ရောင်းချခဲ့ပြီး စတင်ရောင်းချကတည်းအရသာမှာရော၊ဝန်ဆောင်မှုပိုင်းရောအရမ်းကိုကောင်းမွန်တဲ့အတွက်ကြောင့်စားသုံးသူများလာပြီးအခုအချိန်ထိရပ်တည်နိုင်ခဲ့ပါတယ်။ အစားအစာနှင့်ဝန်ဆောင်မှုပိုင်းမှာအရမ်းကိုကောင်းမွန်ခဲ့တဲ့အတွက်အခုလိုမျိုးအောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်..

၂၀၁၄၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးတွင် အဆင့်(၅၈၅)ဖြင့်ကုန်သွယ်လုပ်ငန်းခွင့်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် MYANMORE မှပြုလုပ်သော WINNER OF BEST SEAFOOD 2016 (MIN LAN) ဆုကိုရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် MYANMORE မှပြုလုပ်သော BEST LOCAL RAKHINE CUISINE (MIN LAN) ဆုကိုလည်းရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် MYANMORE မှပြုလုပ်သော BEST LOCAL RAKHINE AWARD ဆုကိုလည်းရရှိခဲ့ပါတယ်။

ဒီလိုဆုတွေကိုရရှိခဲ့တာကလည်းစားသုံးသူတွေမင်းလမ်းရခိုင်လက်ညှစ်မုန့်တီဆိုင်ရဲ့အစားအစားတွေကိုနှစ်သက်ပြီးသုံးဆောင်သူများတဲ့အတွက်ဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနှင့်ညီညွှတ်သောအာဟာရပြည့်ဝတဲ့အစားအစားတွေကိုကောင်းမွန်သည်ထက်ကောင်းမွန်လာအောင်ကြိုးစားပြီးရောင်းချပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

မင်းလမ်းရခိုင်လက်ညှစ်မုန့်တီဆိုင်မှာရရှိနိုင်တဲ့ Menu တွေကိုကြည့်ရင်သွားရည်ယိုပြီးအခုပဲပြေးသွားဝယ်စားချင်နေပြီးမလား? ဆိုင်ခွဲတွေလည်းအများကြီးရှိတဲ့အတွက် အစားအစားချစ်မြတ်နိုးတဲ့စားသုံးသူတွေ ကိုယ်နဲ့နီးစပ်ရာဆိုင်မှာဝင်သုံးဆောင်လို့ရနိုင်တာပေါ့။

အားလုံးပဲကြိုက်နှစ်သက်တဲ့အစားအစာလေးတွေဖြစ်မယ်လို့ထင်ပါတယ်။ အရသာတကယ်ရှိပြီးစားလို့ကောင်းတဲ့ မင်းလမ်းရခိုင်မုန့်တီဆိုင်ရဲ့ Menu လေးတစ်ချို့နဲ့တင် စားသုံးသူတွေကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။

 

   

အစားအစာကြိုက်နှစ်သက်တဲ့သူအချင်းချင်းတွေမို့ ဝေမျှပေးလိုက်တာနော်။ နောက်ထပ်အစားအစားကောင်းတွေရှိတဲ့စားသောက်ဆိုင်ကောင်းတွေကိုလမ်းညွှန်ပေးမှာဖြစ်တဲ့အတွက် မှာဝင်ရောက်လေ့လာပါအုံးလို့ဖိတ်ခေါ်ချင်ပါတယ်။ အခုလိုအေးချမ်းတဲ့ရာသီဥတုလေးမှာ မင်းလမ်းမှာရှိတဲ့ရခိုင်အစားအစား တွေကိုစားမယ်ဆိုရင်ခံတွင်းတွေ့စေမှာပါနော်။ အာဟာရရှိသောအစားစားတွေစားသောက်ရင်း ကျန်းမာပျော်ရွှင်သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Min Lan Mon Ti Website Link : minlanseafood.com

Min Lan Mon Ti Facebook Page : www.facebook.com/minlanmonti

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *