ကော့ညွတ်နေတဲ့ဆန်လုံး၊ မွှေးဆိမ့်နေတဲ့အရသာနဲ့ ဒံပေါက်ကောင်းကောင်းစားချင်ရင်တော့

ဒံပေါက်ဆိုတာနဲ့ တစ်ရေးနိုးထမေးရင်တောင် ထစားဖို့ဟန်ပြင်နေကြတဲ့ အစားတစ်လိုင်းတို့ရေ စားနေကျဒံပေါက်လက်ရာတွေနဲ့ ကွဲထွက်ပြီးမွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ အရသာရှယ်ကောင်းတဲ့ ” မွှေးဆိမ့် ” ထောပတ်ထမင်း ၊ ဒံပေါက်နဲ့ မြန်မာအစားအစာဆိုင်လေးအကြောင်း ပြောပြပေးမယ်နော်။ စင်ကာပူမှာလူကြိုက်များပြီးသား မွှေးဆိမ့်လက်ရာအတိုင်း ဆီနည်းနည်းနဲ့ အရသာဆိမ့်ဆိမ့်လေးနဲ့ အိအိလေးချက်ပေးထားတာမို့ သွေးမတိုးရင်မပူပဲ အရသာရှိရှိမှာယူသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ လောလောဆယ်ဆိုင်မဖွင့်သေးလို့ ကိုယ်လိုတဲ့အရေအတွက်နဲ့ တစ်ရက်ကြိုတင်ဖုန်းဆက်ပြီး မှာယူရမှာဖြစ်ပါတယ်။  

အကောင်းဆုံးရွှေဘိုပေါ်ဆန်းကိုသုံးထားတော့ ဆန်သားကကော့ညွတ်ပြီးသန့်နေရော ဆန်သားနဲ့တင်ကြွေလောက်တယ်။ အနံ့လေးကမွှေးအီနေပြီး အရသာကလည်းဆိမ့်ဆိမ့်လေးဆိုတော့ စားလို့ကောင်းမှကောင်းပဲ။ တစ်ပွဲကို(၂၂၀၀)ကျပ်ပဲပေးရတော့ ဈေးနှုန်းလေးလည်းသင့်တယ်။ ရိုးရိုးဘတ်စ်မာတီနဲ့ဆို တစ်ပွဲကို(၂၅၀၀)ကျပ် ၊ အဆင့်မြင့်ဘတ်စ်မာတီနဲ့ဆို (၄၂၀၀)ကျပ်ပေးရပြီး သံဃာတော်တွေအတွက်ဆို ဘာပဲမှာမှာ တစ်ပွဲကို(၂၀၀)ကျပ်စီလျှော့ပေးသေးတယ်နော်။

ဆန်ကော့ကော့လေးနဲ့ ကြက်သားတုံးကြီးကြီးစားချင်ရင်တော့ အဆင့်မြင့်ဘတ်စတီကိုမှာစားကြည့် နှစ်ယောက်ပေါင်းတစ်ပွဲစားရင်တောင် အနှစ်အရသာပြည့်ပြည့်လေးစားရလို့ ပိုပြီးစားလို့ကောင်းတယ်။ ပွဲ(၁၀၀)အထပ်ဆိုရင် Delivery Free နဲ့ပို့ပေးသေးတယ်နော်။ (၁၀)ပွဲအထက်ဆိုရင်လည်း Taxi ခယူပြီးပို့ပေးပါသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၆၈/ခ) ၊ ရှုခင်းသာမြို့ပတ်လမ်းမပေါ် ၊ မြို့မ(၁၃)နဲ့(၁၄)လမ်းကြား ၊ သာကေတမြို့နယ်ဖြစ်ပါတယ်။ ကြိုတင်မှာယူဖို့အတွက်ကတော့ 09799441844 ၊ 09799441854 ကိုဖုန်းဆက်မှာယူလို့ရပါတယ်။

 

Image Source: www.facebook.com/မွှေးဆိမ့်

Leave A Comment

Your email address will not be published. Required fields are marked *