လျှာပေါ်တသသဖြစ်ကျန်နေမယ့် မွန်ရိုးရာစစ်စစ် ဟင်းလျာတွေကိုရရှိနိုင်မယ့် မော်လမြိုင် စွဲ…..

မွန်ထမင်းဆိုင်ဆိုရင် ရှယ်စားကောင်းတယ်လို့ အစားတစ်လိုင်းတော်တော်များများ လက်ခံထားကြပါတယ်။ အခု Foodies Navi ကနေမိတ်ဆက်ပေးချင်တဲ့ဆိုင်လေးကတော့ မွန်ဟင်းလျာတွေအပြင် ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို မွန်ရိုးရာလက်ရာတွေအတိုင်း သုံးဆောင်နိုင်သလို ထိုင်းအစားအစာတွေပါရနိုင်ဦးမယ့် မော်လမြိုင် စွဲ ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ မော်လမြိုင် စွဲ ဆိုလို့ မွန်ပြည်နယ်မော်လမြိုင်လို့တော့ မထင်လိုက်နဲ့နော်။ ရန်ကုန်မှာတင်ပဲ မော်လမြိုင်ကိုအလွမ်းသယ်ရင်း မော်လမြိုင်လက်ရာအစားအစာတွေကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

မွန်ဟင်းတွေထဲမှာတော့ ဘူးသီးနုနုရဲ့ချိူမြတဲ့အရသာလေးတွေကို ဗမာကြက်လေးနဲ့ရောချက်ပေးထားပြီး မော်လမြိုင်မဆလာလေးအုပ်ပေးထားတာကြောင့် အရည်ရွှဲရွှဲမွှေးမွှေးလေးနဲ့ ထမင်းမြိန်စေမယ့်ကြက်ဘူးသီးဟင်း ၊ ဂဏန်သားပြည့်ပြည့်ဝဝပါဝင်တဲ့ ဂဏန်ကြီးတွေကို ဘဲဥငံအနှစ်လေးတွေဆမ်းပြီး အရသာလေးလေးပင်ပင်နဲ့ အီအီဆိမ့်ဆိမ့်လေးခံစားရစေမယ့် ဂဏန်းဘဲဥငံအနှစ် ၊ လက်မတစ်ဖက်ထဲမှာတောင် အသားတွေအများကြီးတွေ့နိုင်တဲ့ ဂဏန်းကြီးတွေကို မြန်မာမဆလာအပြင် ယိုးဒယားမဆလာနဲ့ပါစားသုံးနိုင်မယ့် ဂဏန်းမဆလာဟင်း ၊ ပုဇွန်ထုပ်သားကျစ်ကျစ်လျစ်လျစ် အိအိကြီးတွေကို အဆီအနှစ်များများနဲ့အနံ့မွှေးမွှေးလေးချက်ထားတဲ့ ပုဇွန်ထုပ်ဗမာမဆလာစတာတွေကို မွန်ရိုးရာလက်ရာတွေနဲ့ မြိန်မြိန်ယှက်ယှက်ကြီးသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

မော်လမြိုင်ကမ်းနားကိုအလည်သွားတိုင်း တမ်းတမ်းစွဲစားတတ်ကြတဲ့ မော်လမြိုင်ရေစိမ်မုန့်တီဟင်းရည်ကိုလည်း Ready Made ဘူးနဲ့ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ Ready Made ဆိုပေမယ့် ငါးရဲ့အချိုဓာတ်ကိုအဓိကထားပြီး ငှက်ပျောပင် ၊ ကြက်သွန်နီကအစပါတာကြောင့် မုန့်ဖတ်လေးဝယ်ပြီးအလွယ်တကူ မော်လမြိုင်ရေစိမ်မုန့်တီလေးကို အလွမ်းဖြေနိုင်မှာဖြစ်ပါတယ်။ အသားမှုန့်အချိုမှုန့်လုံးဝမသုံးဘဲ သန့်ရှင်းလတ်ဆတ်စွာချက်ပြုတ်ထားတာကြောင့်  ကျန်းမာရေးအတွက်လည်း စိတ်ချယုံကြည်ရပါတယ်။ မော်လမြိုင် စွဲ ရဲ့ဆိုင်လိပ်စာကတော့ အမှတ်(၃၆) ၊ (၃)လမ်း ၊ လမ်းမတော်မြို့နယ်ဖြစ်ပါတယ်။

Image Source : www.facebook.com/Mawlamyineswal

Leave A Comment

Your email address will not be published. Required fields are marked *