တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်နိုင်မယ့် ရက်(၃၀)စာဟင်းလျာအတွဲများ

အသက်ရှင်ကျန်းမာနေထိုင်နိုင်စေဖို့အတွက် အမြဲမပြတ်ပြုလုပ်နေရတာတော့ အစားစားခြင်းပါပဲ။ စားသောက်ရတဲ့အလုပ်က ပျော်ရွှင်စရာဖြစ်ကောင်းဖြစ်ပေမယ့် အဆင်သင့်သုံးဆောင်စားသောက်နိုင်ဖို့ စီစဉ်ချက်ပြုတ်ရတဲ့ အိမ်ရှင်မတွေအတွက်ကတော့ တစ်နေ့တစ်မျိုးမရိုးရစေဖို့ တွေးကြံရတာတော်တော်လေးခေါင်းစားရပါတယ်။ ဒီလိုအကြံအိုက်နေတဲ့ အိမ်ရှင်မတွေအတွက် ဟင်းလျာအတွဲအစပ်လေးတွေကို တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်နိုင်စေဖို့အတွက် (၃၀)ရက်စာဟင်းလျာအတွဲအစပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁- ကြက်သားအာလူးအရောဆီပြန်ဟင်း + ပဲကြာဆံဟင်းချို + သရက်ချဉ်သုပ်

၂- ငါးကြင်းကြော် + မျှစ်ချဉ်ပေါင်ချဉ်ဟင်း + ငံပြာရည်ကြော်

၃- ဝက်သုံးထပ်သားပဲငံပြာရည်ချက် + ကင်ပွန်းချဉ်ရွက်ဟင်းချို + မုန်လာဥနီသုပ်

၄-ဆိတ်သားမွကြော်(ငရုတ်သီး) + ပဲကြီးချက် + မုန်ညင်းရွက်ကြော်

၅- အမဲသားနှပ် + ဒန့်ဒလွန်ရွက်ဟင်းချို + ပဲပင်ပေါက်ပဲပြားကြော်

၆- ဝက်သားသုပ် + ဂေါ်ဖီဟင်းချို + ပြောင်းဖူးထောင်းကြော်

၇- ကင်းမွန်ဆီပြန်ဟင်း + မြင်းခွာရွက်ဟင်းချို + မုန်လာရွက်ကြော်

၈-ဘဲဥဆီချဉ်ဟင်း + ကြက်သားဟင်းရွက်ဟင်းချို + ကန်စွန်းရွက်ကြော်

၉- ပုဇွန်ခြောက်ထောင်းကြော် + လယ်ကန်စွန်းရွက်ချဉ်ဟင်း + အာလူးအစပ်ကြော်

၁၀- ငါးခူအစပ်ကြော် + ဂေါ်သခါးသီးအချိုချက် + ပန်းဂေါ်ဖီကြော်

၁၁- ငါးရံ့ခြောက်ဖုတ် + ဘူးညွန့်ဟင်းချို + ကြက်သွန်ပုဇွန်ခြောက်သုပ်

၁၂- ကြက်ဂွေးထောက်ရွက်ဟင်း + ပုန်းရည်ကြီးသုပ် + ပဲသီးကြော်

၁၃- ငါးသလောက်ပေါင်း + မန်ကျည်းရွက်ဟင်းချို + ဘာလချောင်ကြော်

၁၅- ငါးဖယ်ဟင်းဆီပြန် + ကြာရိုးဟင်းချို + ရုံးပတီသီးကြော်

၁၆- ဆလားဗီးယားငါးကြော်ခရမ်းချဉ်သီးနှပ် + ဘူးသီးဟင်းချို + မန်ကျည်းစိမ်းထောင်းကြော်

၁၇-  ပုဇွန်ထုပ်ဆီပြန် + မုန်ညင်းစိမ်းပဲပြားကြော် + ပုဇွန်ငပိထောင်း

၁၈- ငါးခူစဉ်းကောရက်ယိုရွက်ချက် + ခဝဲသီးအချိုချက် + သရက်သီးငပိချက်

၁၉- ပုဇွန်စိပ်အစပ်ကြော် + အာလူးပဲပင်ပေါက်သုပ် + ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်

၂၀- ကြက်သားလုံးကြော် + အစိမ်းကြော် + မှိုခြောက်ပန်းခြောက်ဟင်းချို

၂၁- ဗုံလုံသီးအသားအစာသွတ်ဟင်း + ဂျပန်တို့ဟူးကြော် + ရွှေဖရုံသီးဟင်း

၂၂- ငါးနီတူခြောက်သုပ် + ငါးရိုးဟင်းချို + ကြက်ဥမွှေကြော်

၂၃- ဝက်သားပုန်းရည်ကြီးဟင်း  + မုန်လာဥနီကြော် + ပဲပြားဟင်းချို

၂၄- ဆတ်သားခြောက်ခရမ်းသီးချက် + မုန်လာဥချဉ်ဟင်း + ပဲပြားကြော်

၂၅- အမဲအာလူးဟင်း + မုန့်ညင်းဖြူကြော် + ငါးနီတူခြောက်အစပ်ကြော်

၂၆- ကြက်ဘူးသီးအရောဆီပြန် + ခရမ်းသီးမီးဖုတ်သုပ် + သရက်သီးသနပ်

၂၇- ငါးသေတ္တာဟင်း + ဟင်းနုနွယ်ရွက်ကြော် + ကြံမဆိုင်ဟင်းချို

၂၈- ငါးကျီးခြောက်ကြော် + မှိုကြက်သွန်ဖြူကြော် + ခရမ်းချဉ်သီးပန်ထွေပျော်

၂၉- အမဲသားခြောက်ကြော် + ချဉ်ပေါင်ကြော် + ဗုံလုံသီးဟင်းချို

၃၀- ဝက်မျှစ်ချဉ်ဟင်း + မရမ်းသီးစိမ်းထောင်း + ဟင်းနုနွယ်ရွက်ကြော်

ရက်(၃၀)စာ ဟင်းလျာအတွဲလေးတွေကိုကြည့်ပြီး တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်နိုင်ကြပါစေနော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *