ကိုယ်တိုင်အသားကင်ပြီး တစ်နေရာတည်းမှာအဝတီးချင်တယ်ဆိုရင်….

အေးမြတဲ့ဆောင်းရာသီအချိန်အခါလေးမှာ BBQ ကောင်းကောင်းကြိုက်သူတွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး ဓာတုပစ္စည်းလုံးဝမပါပဲ၊ အသင့်စား Readymade ပစ္စည်းမသုံးထားပဲ သဘာဝအရသာအတိုင်းရရှိခံစားစေချင်ရင် Manpuku Buffet Style သို့လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါရစေ။ TOKYO B.B.Q Dining MANPUKU ဆိုင်ကို အမှတ်(26/26B)အောင်ဇေယျလမ်း။ရထားသံလမ်းအနီး။ကျောက်ကုန်း။ ရန်ကင်းမြို့နယ်။ရန်ကုန်တိုင်းဒေသကြီးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးကိုဂျပန်နိုင်ငံ Tokyo မြို့တွင်ရှိသော TAKE FIVE Compamy မှဖွင့်လှစ်ထားတာဖြစ်ပါတယ်။ TAKE FIVE Compamy သည် Restaurant အမြောက်အများကိုဖွစ်လှစ်တည်ထောင်ထားတဲ့ Company တစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် MANPUKU အမည်ဖြင့်အသားကင်ဆိုင်ကိုလွန်ခဲ့သောနှစ်ပေါင်း(၇၀)က စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆို အမေရိကန်နိုင်ငံ၊ Los Angles မြို့တွင်တစ်ဆိုင်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်တစ်ဆိုင်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်တစ်ဆိုင် စုစုပေါင်း()ဆိုင်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ TAKE FIVE ကုမ္ပဏီသည် အကင်ဆိုင်အပြင် အခြားစားသောက်ဆိုင်ပေါင်းများစွာကိုလည်း တိုကျိုမြို့တွင် (၁၂) ဆိုင်၊ အမေရိကန်နိုင်ငံတွင် () ဆိုင် ဖွင့်လှစ်ထားဆဲဖြစ်ပါသည်။

 

 

 

TOKYO B.B.Q Dining MANPUKU ကို မြန်မာပြည်တွင် ဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်ကတော့ မြန်မာပြည်သူပြည်သားများ မိမိတို့ကိုယ်တိုင်အသားကင်ပြီး၊ ပျော်ပျော်ရွှင်ရွှင်နှင့် အရသာရှိရှိစားသုံးစေချင်သည့် စေတနာဖြင့် ဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ်။ MANPUKU ဆိုင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ထားသည့် Home Made Sauce တွေဖြင့်အထူးစီမံပြုလုပ်ထားတဲ့သန့်ရှင်းလတ်ဆတ်သော အသားကင်တွေကို သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူသုံးဆောင်နိုင်ပါတယ်။ အသားအမျိုးအစား အစုံအပြင် Appetizers, Salads, Side dish, Hot dish, Soups, Ice-cream နှင့်အခြားအချိုပွဲပေါင်း များစွာကိုအဝစား 12,800ksတည်းနှင့်ရောင်းချပေးနေတဲ့ BBQ ဆိုင်ကောင်းလေးတစ်ဆိုင်ဖြစ်ပါတယ်။ BBQဖြစ်တဲ့အတွက် ကိုယ့်စားပွဲကမီသွေးမီးဖိုမှာ ကိုယ်တိုင်ကင်ပြီး ပူပူနွေးနွေး အရသာရှိရှိသုံးဆောင်ရမှာ ဖြစ်ပါတယ်။

 

စားသာက်ချိန်တစ်နာရီခွဲအတွင်း တစ်ဦးလျှင် အဝစား 12,800ks ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည့်အတွက် ကုန်ကျသည့်ငွေပမာဏထက် သာလွန်ထူးကဲသည့်ဟင်းပွဲအရသာများ သုံးဆောင်ရမှာဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ လူဦးရေ 200ယောက်အထိဆန့်ပြီး ကျယ်ကျယ်ဝန်းဝန်း သုံးဆောင်နိုင်တဲ့ သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိတဲ့ BBQ ဆိုင်လေးဖြစ်ပါတယ်။ လူဦးရေ 200ယောက်အထိဆန့်တဲ့အတွက် ကိုယ့်ရဲ့မိသားစု၊ဆွေမျိုးမိတ်ဆွေ၊သူငယ်ချင်းများ၊ကုမ္ပဏီဝန်ထမ်းများ၊နိုင်ငံခြားသားဧည့်သည်များ နှင့်လည်း ပျော်ပျော်ပါးပါး လာရောက်သုံးဆောင်နိုင်ပါတယ်။ မွေးနေ့ပွဲ၊ ပါတီပွဲများကျင်းပချင်ရင်လည်း လာရောက်ကျင်းပပြုလုပ်နိုင်ပါတယ်နော်။ လတ်လတ် ဆတ်ဆတ်အသားအမျိုးအစားအစုံကိုအကောင်းဆုံးအရသာနှင့် တစ်နေရာတည်းမှာအဝတီးချင်တယ်ဆို Manpuku Buffet ဆိုင်ကို သတိရလိုက်နော်။

Manpuku Buffet Style Website Link : www.manpukumyanmar.com

Manpuku Buffet Style Facebook Page : www.facebook.com/ManpukuBuffet

 

Leave A Comment

Your email address will not be published. Required fields are marked *