မန္တလေးအစားအစာစစ်စစ်ကြိုက်သူတွေအတွက် ရွေးချယ်စရာဆိုင်သစ်တိုးလာပြီနော်။

အစားအသောက်ကောင်းတွေပေါများလှတဲ့ မန္တလေးဒေသရဲ့အစားအစာတွေကိုမှ မန္တလေးရဲ့လက်ရာအတိုင်း သုံးဆောင်ချင်ကြတဲ့ Foodies တို့အတွက် မန္တလေးအစားအစာစစ်စစ်တွေရနိုင်မယ့် ဆိုင်သစ်လေးတစ်ဆိုင်ထပ်တိုးတော့မယ်နော်။ မန္တလေးမုန့်တီ ၊ ရှမ်းခေါက်ဆွဲ ၊ ခိုတောင်မုန့်တီ ၊ ခနုံထုပ် ၊ဆီထမင်း ၊ ငါးဖယ်ဖက်ထုပ်ကြော် ၊ မုန့်ပြားသလက်စတဲ့ မန္တလေးရောက်တိုင်း မဖြစ်မနေသွားစားဖြစ်တဲ့ အစားအစာလေးတွေကို ရန်ကုန်မှာတင်ရနိုင်မှာဆိုတော့ မန္တလေးအစားအစာကြိုက်တဲ့ Foodies တို့အတွက် သတင်းကောင်းလေးပါပဲနော်။

အသစ်ဖွင့်မယ့်မန္တလေးအစားအစာဆိုင်လေးကတော့ Mandalay Villa ဖြစ်ပြီး မန္တလေးအငွေ့အသက်တွေ အပြည့်အဝရနိုင်လိမ့်မယ် ထင်ပါတယ်နော်။ Mandalay Food Villa ကိုတော့ မနက်ဖြန်(ဧပြီလ ၂၇)ရက်နေ့မှာ Soft Opening ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် အရသာအသစ်လေးတွေခံစားကြည့်ပြီး မန္တလေးကလက်ရာကိုမီလားဆိုတာ သွားရောက်အကဲခတ်စားသုံးကြည့်လိုက်ပါနော်။ ဆိုင်လိပ်စာကတော့ အမှတ်(၆၀-ခ) ၊ (၉)ရပ်ကွက် ၊ သစ္စာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။ မန္တလေးမသွားနိုင်တာနဲ့ပဲ မန္တလေးလက်ရာတွေလွမ်းဆွတ်နေရင်တော့ အခုဖွင့်မယ့်ဆိုင်သစ်လေးမှာ အလွမ်းဖြေလိုက်ပါတော့နော်။

 

Image Soure : www.facebook.com/mandalayvilla

Leave A Comment

Your email address will not be published. Required fields are marked *