မန္တလေးဒေသအစားအစာတွေအပြင် နန်းတွင်းတော်ဝင်အစားအစာတွေပါရရှိနိုင်တဲ့ ? ? ? Mandalay Tea Room….

ရွှေမန္တလေးကိုသွားရောက်တိုင်း   ? ? ? ?   မစားမဖြစ်စားတတ်ကြတာကတော့  ? ? ?    မန္တလေးအထမ်းမြီးရှည်ပဲဖြစ်ပါတယ်။ မြီးရှည်ဆိုရင် မန္တလေးကမြီးရှည်လောက် ဘယ်မြီးရှည်ကိုမှခံတွင်းမတွေ့ပါဘူးဆိုတဲ့  ?‍♀️ ?‍♀️ ?‍♀️   မြီးရှည်သရဲလေးတွေအတွက်  ? ? ?   မန္တလေးအထမ်းမြီးရှည်အရသာအတိုင်း   ? ? ?   ထပ်တူထပ်မျှခံစားနိုင်စေမယ့် Mandalay Tea Room ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။   ? ? ?   ဒီဆိုင်လေးရဲ့လိပ်စာကတော့   ? ? ? ? ?   အမှတ်(၂၂၄/) ၊ ရန်ငြိမ်း()လမ်း ၊ ()ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မှာတည်ရှိတာဖြစ်ပါတယ်။

Mandalay Tea Room မှာရရှိနိုင်တာတွေကတော့  ? ? ? ? ? ? ? ?   မန္တလေးမုန့်တီ (နန်းကြီး ၊ နန်းလတ်) ၊ ငါးဖယ်လုံးဟင်းရည် ၊ မန္တလေးအထမ်းမြီးရှည် (ကြက် ၊ ဝက် ၊ ဝက်မြီး ၊ ဝက်နားရွက် ၊ ဝက်ကလီစာ) ၊ မုန့်ဟင်းခါး (ဘူးသီးကြော် ၊ ဗယာကြော် ၊ ပဲသွေး) ၊  ထမင်းကြော် ၊ ငါးရံ့ခြောက်မီးဖုတ် ၊ ဆိတ်သားခြောက်ကြော် ၊ ကောက်ညှင်းပေါင်း ၊ ထမင်းသုပ် ၊ မန္တလေးစိန်ပန်းမုန့်တီသုပ် ၊ ခနုံထုပ် ၊ ငါးဖယ်ဖက်ထုပ်ချဉ်စပ် ၊ ဝက်ဆီဖက်ကြော် ၊ လက္ဘက်ရည် ၊ အအေး ၊ ကော်ဖီ ၊ ထန်းသီးမုန့်စတဲ့ မန္တလေးဒေသအစားအစာတွေကို စုံစုံလင်လင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။  ? ? ?

 

မန္တလေးမြီးရှည်ကို နှစ်သက်ရာအသားရွေးချယ်ပြီး   ? ? ? ?   ဝက်ဒူးရိုးဟင်းရည်လေးနဲ့တွဲဖက်စားသုံးလိုက်မယ်ဆိုရင် မန္တလေးမှာသွားထိုင်စားနေရသလို   ? ? ?   အရသာပြည့်ဝမှုတွေကိုခံစားရရှိနိုင်မှာဖြစ်ပါတယ်။  ? ? ?   မန္တလေးစတိုင် ကြွပ်ကြွပ်ရွရွငါးဖယ်ဖက်ထုပ်ကြော်လေးကို   ? ? ?   မန်ကျည်းချဉ်လေးနဲ့လိုက်ဖက်ညီစွာ စားသုံးမယ်ဆိုရင်လည်း လုံးဝလျှာလည်သွားစေမှာ   ? ? ?   အသေအချာပါပဲ။ နာမည်ကြီးမန္တလေးနန်းတွင်းအစားအစာတစ်ခုဖြစ်တဲ့ ကြက်ဥအချပ်လေးတွေလုပ်ပြီး ကြက်သားကိုကြက်သွန်နီနဲ့ကြော်လိပ်ထားတဲ့ ခနုံထုပ်ကိုလည်း မြည်းစမ်းခံစားကြည့်နိုင်တဲ့အပြင်  ?? ?? ??   ဆန်ချိုအေးမွှေးမွှေးလေးကိုလည်း   ? ? ?    ရရှိနိုင်မှာဖြစ်ပါတယ်။ Mandalay Tea Room မှာသွားရောက်သုံးဆောင်မယ်ဆိုရင်တော့   ? ? ? ? ?   မန္တလေးအထမ်းမြီးရှည် ၊ ငါးဖယ်ဖက်ထုပ်ကြော် နဲ့ ခနုံထုပ်ကိုမဖြစ်မနေသုံးဆောင်ကြည့်ဖို့ မမေ့နဲ့နော်။  ? ? ?   ဆိုင်ဖွင့်ချိန်ကတော့     မနက်()နာရီကနေ ညနေ()နာရီအထိပဲဖြစ်ပါတယ်။  ??   Yangon Door2Door နဲ့ချိတ်ဆက်ထားတာကြောင့်   ?   09966600600 ကိုဖုန်းဆက်မှာယူရုံနဲ့ Mandalay Tea Room ကအစားအစာတွေကို အိမ်မှာတင်ဇိမ်ကျကျနဲ့ မှာယူသုံးဆောင်နိုင်မှာဖြစ်ပါတယ်။  ? ? ?

 

 

Image Source : www.facebook.com/mandalaytearoom

Leave A Comment

Your email address will not be published. Required fields are marked *