တန်လွန်းလှတဲ့ဈေးနဲ့ ရှယ်အသားကင်တွေအဝစားနိုင်မယ့် Mandalay BBQ

အသားကင်ကိုဈေးတန်တန်နဲ့စားချင်လို့ ဆိုင်ပတ်ရှာနေပြီဆိုရင်တော့ ဘယ်မှာမှမရနိုင်တဲ့ဈေးနှုန်းတွေနဲ့ ထူးခြားတဲ့အကင်အရသာတွေရနိုင်မယ့် Mandalay BBQ ကိုညွှန်းပေးချင်ပါတယ်။ အကင်နံ့သင်းသင်းလေးတွေက မစားခင်ကတည်းက သွားရည်ယိုမိအောင် မွှေးရနံ့လေးတွေနဲ့ဆွဲဆောင်နေသလို တကယ်လက်တွေ့စားကြည့်ရင်လည်း အသားမွမွလေးတွေကို နူးနူးညံ့ညံ့လေးအရသာခံပြီး စားရတာကြောင့် စားရင်းစားရင်ရှယ်ခံတွင်းတွေ့စေမှာ အသေအချာပဲနော်။ အကင်စားရာမှာ အဓိကအကျဆုံးဖြစ်တဲ့ Sauce ကိုလည်းအကင်နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ဖန်တီးပေးထားတာကြောင့် တကယ့်ကိုကောင်းမွန်အကင်အရသာကို ပြည့်ပြည့်ဝဝခံစားနိုင်မှာဖြစ်ပါတယ်။

အသားကင်တွေကိုတော့ BBQ နဲ့ မာလာချွမ်ချွမ်ရှမ်းစတိုင်ဆိုပြီး ကြိုက်နှစ်သက်ရာကိုရွေးစားနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကလည်း(၅၀၀)ကျပ်ကနေစပြီး (၁၀၀၀)ကျော်ထိပဲရှိတာဆိုတော့ ဈေးနည်းနည်းနဲ့အရသာကောင်းကောင်းလေးကို စိတ်ကြိုက်စားနိုင်မှာဖြစ်ပါတယ်။ အသားကင်ချည်းစားရလို့ အီမှာစိုးရင်လည်း အသီးအရွက်ကင်လေးတွေနဲ့ တွဲစားလို့ရပါသေးသလို မာလာငါးပေါင်း ၊ မာလာကြက်ခြေထောက်စတဲ့ ဟင်းပွဲတွေနဲ့လည်း ရောစားလို့ရပါသေးတယ်။

အရသာကထူးခြားသလို ဈေးနှုန်းကလည်းရှယ်တန်တာမို့ အသားကင်ကြိုက်တဲ့ အစားတစ်လိုင်းတို့ မြန်မြန်သွားစားလို့ရအောင် လက်တို့ပေးလိုက်ပါတယ်နော်။ Mandalay BBQ ရဲ့လိပ်စာကတော့ City Mart မျက်စောင်းထိုး ၊ ဝေဇယန္တာလမ်းမပေါ် ၊ ရတနာလမ်းနှင့်မေတ္တာလမ်းကြား ၊ တောင်ဥက္ကလာပမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ(၄)နာရီကနေ ည(၁၁)နာရီအထိဖြစ်ပါတယ်။

 

Image Source : www.facebook.com/mandalaybbq

Leave A Comment

Your email address will not be published. Required fields are marked *