ကိတ်သားနူးညံ့ပြီးဒီဇိုင်းလှပတဲ့ ကိတ်လှလှလေးတွေမှာယူချင်ရင်တော့ Mandalay Bakery ရှိတယ်နော်…

အပျင်းပြေအဆာပြေ စားသုံးဖို့သာမကဘဲ ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးပြသဖို့အတွက်လည်း ကိတ်မုန့်လေးတွေကိုအသုံးပြုတတ်ကြပါတယ်။ အရောင်အသွေးစုံခြယ်သပြီး ဒီဇိုင်းမျိုးစုံဖန်တီးပြုလုပ်ထားတဲ့ ကိတ်မုန့်လှလှလေးတွေသာ အချိုကြိုက်သူတွေအတွက်အကောင်းဆုံး အစားအစာတစ်မျိုးဖြစ်ပြီး လက်ဆောင်ရရှိမယ်ဆိုရင်လည်း အံ့သြကြည်နူးဖွယ်ရာလေးဖြစ်ပါတယ်။ ဒီလိုကိတ်မုန့်လှလှလေးတွေကို ကိုယ်တိုင်သုံးဆောင်ချင်လို့ပဲဖြစ်ဖြစ် ချစ်မြတ်နိုးရသူတွေကို အမှတ်တရပြုလုပ်ပေးချင်လို့ပဲဖြစ်ဖြစ် စိတ်တိုင်းကျစေမယ့်ဆိုင်လေးနဲ့  Foodies Navi ကနေမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အမှတ်(D/၆၃) (၆၆)လမ်း ၊ မြပန်းဝါလမ်းနှင့်နှင်းဆီဝါလမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊  မန္တလေးမြို့မှာရှိတဲ့ Mandalay Bakery ပဲဖြစ်ပါတယ်။

 

U

Mandalay Bakery မှာတော့ နူးနူးညံ့ညံ့ကိတ်သားကိုအသုံးပြုပြီး ဆန်းကြယ်တဲ့ဒီဇိုင်းဖန်တီးမှုတွေကို ပေါင်းစပ်ထားတဲ့အရောင်အသွေးစုံ ကိတ်မျိုးစုံ ၊ ပေါင်မုန့် ၊ ချောကလက် နဲ့ drinks တွေကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ တာရှည်ခံဆေးမပါဝင်ဘဲ ဒီနေ့လုပ်ဒီနေ့ရောင်းချတာကြောင့် လတ်လတ်ဆတ်ဆတ်နဲ့စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ချောကလက်လေးတွေကိုလည်း အရသာထူးခြားကောင်းမွန်အောင် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားပြီး ဆန်းသစ်တဲ့ဘူးဒီဇိုင်းလေးတွေနဲ့ ပေါင်းစပ်ထားတာကြောင့် ပြီးပြည့်စုံတဲ့လက်ရာကို ရရှိခံစားနိုင်မှာဖြစ်သလို ချစ်ခင်မြတ်နိုးရသူတွေကို လက်ဆောင်ပေးမယ်ဆိုရင်လည်း လှပတင့်တယ်စေနိုင်မှာဖြစ်ပါတယ်။

နူးညံ့ပြီးဒီဇိုင်းစုံလင်တဲ့ကိတ်လှလှလေးတွေကို အော်ဒါမှာယူလို့ရသလို ကိုယ်တိုင်တိုင်ကျသွားရောက်ဝယ်ယူလို့လည်းရပါတယ်။ မန္တလေးမြို့တွင်းကမှာယူတယ်ဆိုရင် အိမ်အရောက် Delivery Service ရှိတာကြောင့် အိမ်မှာတင်ပဲလတ်လတ်ဆတ်ဆတ်ကိတ်မုန့်လေးတွေကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ ည()နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source : www.facebook.com/mandalaybakery

Leave A Comment

Your email address will not be published. Required fields are marked *