ဗိုက်ဆာလာတဲ့အချိန်တိုင်းအတွက် အရသာရှိတဲ့အစားအသောက်ကောင်းတွေနဲ့ကြိုဆိုနေတဲ့….

အစားတစ်လိုင်းတို့ရေအိပ်ရာထနောက်ကျသွားလို့ မနက်စာကောင်းကောင်းမစားရတော့ဘူးလို့ မထင်လိုက်နဲ့နော်။ ဘယ်လောက်ပဲနောက်ကျကျ မနက်စာကောင်းကောင်းလေးတွေ ရနိုင်သလို နေ့လည်စာပါပေါင်းစားမယ်ဆိုရင်လည်း တစ်ဆိုင်တည်းမှာပဲ အပြတ်ဝါးတီးဆွဲလို့ရနိုင်မယ့်အပြင် အကြိုက်တွေ့သွားလို့ညဘက်ပြန်သွားစားလည်း ရိုးအီမသွားစေနိုင်မယ့် “ Local Burmese Restaurant “အကြာင်းလေးဝေမျှပေးချင်ပါတယ်။

Local Burmese Restaurant ဆိုတဲ့အတိုင်း ပြည်တွင်းဒေသအသီးသီးက နာမည်ကြီးမြန်မာအစားအစာတွေကို စုံစုံလင်လင်ဖွယ်ဖွယ်ရာရာလေး သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ နံနက်ခင်းအတွက်လိုက်ဖက်ညီစေမယ့် ပြည်ပလာတာ ၊ ဆီထမင်း ၊ နို့လက်ဖက်ရည် ၊ ပြောင်းဖူးအကြိတ်ကြော် ၊ မလိုင်လက်ဖက်ရည် ၊ ဆိတ်စွပ်ပလာတာ ၊ ရွှေတောင်ခေါက်ဆွဲတွေရနိုင်သလို နေ့လည်ခင်းအဝဗိုက်ဖြည့်အတွက် ဆိတ်နံရိုးဟင်း ၊ ပုဇွန်ထုပ်ဟင်း ၊ ဝက်ချိုဟင်း ၊ ကြက်သားအာလူးဟင်း ၊ ငါးငရုတ်သီးကြော်နှပ်စတဲ့ ထမင်းနဲ့မြိန်မြိန်ယှက်ယှက်တွဲဖက်စားလို့ကောင်းတဲ့ ဟင်းမျိုးစုံကိုရနိုင်မှာဖြစ်ပါတယ်။ ညဘက်ထမင်းမစားချင်လို့ ပြည်ထမင်းသုပ် ၊ ရှမ်းခေါက်ဆွဲ ၊  မုန့်ဟင်းခါး၊ပန်းသေးခေါက်ဆွဲတွေစားမယ်ဆိုရင်လည်းအပီအပြင်ဆွဲလို့ရသေးတယ်နော်။

အချိုတည်းဖို့ပဲဖြစ်ဖြစ် အအီပြေစေဖို့ပဲဖြစ်ဖြစ် Drinks ကောင်းကောင်းလေးတွေလည်း သောက်ကြည့်လို့ရတယ်နော်။ ဆိုင်အပြင်အဆင်ရော အစားအစာချက်ပြုတ်ပြင်ဆင်တာပါ သပ်ရပ်သန့်ရှင်းပြီး အစားအသောက်တွေကလည်း အရသာဂွတ်ရှယ်ပဲမို့ စားဖူးတိုင်းရဲ့ review ကောင်းတွေအများကြီးရရှိထားတာပဲဖြစ်ပါတယ်။ Local Burmese Restaurant ရဲ့လိပ်စာကတော့ အမှတ်(၇၇/E) ၊ ရှင်စောပုလမ်း ၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ (၁၀)နာရီခွဲအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/localburmeserestaurant

Leave A Comment

Your email address will not be published. Required fields are marked *