ဆူရှီဘူဖေးကို အချိန်အကန့်အသတ်မရှိဘဲ အဝတီးပြီးဗိုက်ကားသွားစေနိုင်ဖို့ …..

? ?   ဆူရှီ…..ဆူရှီ…..ဆူရှီဆိုပြီးတောင့်တောင့်တတကြိုက်နှစ်သက်ကြတဲ့  ? ?  ဆူရှီသရဲလေးတွေကို သတင်းကောင်းလေးပြောပြပေးချင်ပါတယ်။  ? ?  ဆူရှီဆိုရင်ကြိုက်လွန်းလို့ ဘယ်လောက်စားစားဗိုက်မဝနိုင်ဘူးဆိုတဲ့သူတွေအတွက်  ? ?  တန်မှတန်တဲ့အဝစားဆူရှီဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ? ?  ဒီဆိုင်လေးကတော့ အမှတ်(၁၆၈) ၊ ဒုတိယထပ် ၊ ရေတာရှည်လမ်းနှင့်ရွှေဂုံတိုင်လမ်းထောင့် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မှာတည်ရှိတဲ့  ? ? ?   Little Yankees Asian Fusion ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ အဝစားဆိုပေမယ့်အချိန်အကန့်အသတ်မရှိတာကြောင့်  ? ?  အေးအေးဆေးဆေးနဲ့ဆူရှီကိုအမုန်းဆွဲနိုင်မှာပဲဖြစ်ပါတယ်။

Little Yankees Asian Fusion မှာဆိုရင်  ? ?  ဆူရှီဘူဖေးအပြင် Sashimi , Tempura , Yakitori အကင် , Bento Set , ကြက်သား , ဝက်နံရိုး , ဝက်ပေါင်ခြောက် , ဂျပန်ပဲပုပ်သုပ် , ဂျပန်ခေါက်ဆွဲသုပ် , အမဲသား , ဝက်သား , ဂဏန်းပျော့ကြော် , ဥငါးကြွပ်ကြော် , ငါးရှဉ့်ကင် , ဆာဘားငါး , ဆော်မွန်ကျောရိုး , ဆော်မွန်ခေါင်း , ယောက်သွား , တူနာငါး ,  ရေဘဝဲစတဲ့  ? ? ?   ဟင်းပွဲတစ်မျိုးချင်းစီအလိုက် စျေးနှုန်းချိုသာစွာနဲ့သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်အသား ၊ ငါး ၊ ပင်လယ်စာ ၊ ရေညှိနဲ့အသီးအရွက်တွေကိုသာ  ? ? ? ?  အသုံးပြုထာတာကြောင့် ဂျပန်စတိုင်အရသာလေးတွေနဲ့အတူ  ? ?   လတ်ဆတ်သန့်ရှင်းမှုတွေကို ပေါင်းစပ်ခံစားနိုင်မှာပဲဖြစ်ပါတယ်။  ? ?  ဆိုင်အတွင်းမှာလည်း ဂျပန်သီချင်းအေးအေးငြိမ့်ငြိမ့်လေးကို ဖွင့်ထားတာကြောင့်  ? ?  ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ ဂျပန်စတိုင်ဆူရှီနဲ့ဟင်းပွဲတွေရဲ့ အရသာထူးကဲမှုတွေကို စိတ်ချမ်းသာစွာသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ? ?

Little Yankees Asian Fusion မှာကိုယ်တိုင်ကိုယ်ကျသွားစားနိုင်သလို  ? ?  Staff Party , Birthday Party , Event တွေအတွက်လည်း Party Tray Sushi မှာယူသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။  ? ?    ? ?  ဒါကြောင့်သူငယ်ချင်းတွေ ၊ ချစ်သူခင်သူတွေနဲ့ ခပ်မြန်မြန်လေးတိုင်ပင်ပြီး  သွားရောက်သုံးဆောင်လိုက်ရအောင်နော်။ ? ? ? ?

 

 

Image Source : www.facebook.com/littleyankeesasianfusion

Leave A Comment

Your email address will not be published. Required fields are marked *