အရသာရှိလှတဲ့ပြင်သစ်အစားအစာကောင်းတွေကိုရရှိနိုင်တဲ့….

အင်းယားကန်ဘောင်ကိုငေးကာ အရသာရှိလှတဲ့ပြင်သစ်အစားအစာတွေစားသုံးရင် စိတ်အပန်းဖြေစရာ၊ ကြည်နူးစရာအချိန်လေးပေးစွမ်းနိုင်တဲ့ French Restaurant ဆိုင်ကောင်းကောင်းတစ်ဆိုင်ကိုအစားအစာချစ်မြတ်နိုးသူတွေအတွက်မိတ်ဆက်ပေးချင်ပါတယ်။ ဒီစားသောက်ဆိုင်လေးကတော့ Le Planteur Restaurant & Bar ပဲဖြစ်ပါတယ်။  80 University Avenue, Bahan Township, Yangon, Myanmar မှာဖွင့်လှစ်ထားတာဖြစ်ပြီး အရသာရှိလှတဲ့ပြင်သစ်အစားအစာတွေကိုရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ နေ့လည်စာနှင့်ညစာအပြင် သောက်စရာမျိုးစုံကို စားသုံးသူတွေစိတ်ဆန္ဒရှိတဲ့အတိုင်းမှာယူသုံးဆောင်နိုင်ပါတယ်။

Le Planteur Restaurant & Bar ဆိုင်ရဲ့ထူးခြားချက်က အရသာရှိလှတဲ့ပြင်သစ်အစားအစာတွေကိုစားသုံးရင် အင်းယားကန်အလှအပကိုခံစားလို့ရပါတယ်။ Le Planteur Restaurant & Bar သည် 1998 ခုနှစ်ကတည်းကဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်အရသာပိုင်းမှာအခုထက်ထိပြောင်းလဲမှုမရှိပါဘူး။ အလုပ်မှာ stress များသူတွေ၊ စိတ်ဖိစီးမှုများသူတွေအတွက်တကယ့်ကိုစိတ်အပန်းဖြေဖို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။  Le Planteur Restaurant & Bar ရဲ့ Location ရော၊အစားအစာအားလုံးကစိတ်ဖိစီးမှုတွေအားလုံးကိုပပျောက်သွားအောင်စွမ်းဆောင်းပေးနိုင်ပါတယ်။

  

Staff Party, Dinner Party, Wedding and birthday party စတဲ့ပွဲလေးတွေလည်းကျင်းပလို့ရပါတယ်။ အင်းလျားကန်ရဲ့လှပမှု၊ Le Planteur Restaurant & Bar ရဲ့ အပြင်အဆင်ခမ်းနားမှု နှင့်သန့်ရှင်းလတ်ဆတ်ပြီးအရသာရှိလှတဲ့ပြင်သစ်အစားအစာတွေကြောင့် စားသုံးသူများအားလုံးကိုစိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ Menu တွေကိုကြည့်မယ်ဆိုရင်လည်း စားဖိုမှူးရဲ့ဖန်တီးမှုကအခုချက်ချင်းပြေးသွားစားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ အင်းယားကန်ဘောင်အလှကိုခံစားရင် ပြင်သစ်အစားအစာတွေကိုစားသုံးချင်ရင်တော့ Le Planteur Restaurant & Bar မှာသုံးဆောင်ဖို့အကြံပေးချင်ပါတယ်။  Le Planteur Restaurant & Bar မှာရရှိနိုင်တဲ့ Menu ပြီးတော့  Le Planteur Restaurant & Bar အကြောင်းကိုပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ Facebook Page နဲ့ Website Link မှာဝင်ကြည့်လို့ရပါတယ်။

Le Planteur Restaurant & Bar Website Link : http://leplanteur.net/

Le Planteur Restaurant & Bar Facebook Page : https://www.facebook.com/leplanteur.net/

Leave A Comment

Your email address will not be published. Required fields are marked *