ရှယ်ကောင်းတဲ့ကြက်ကင်နဲ့အတူ ရှမ်းရိုးရာအစားအစာတွေရနိုင်မယ့် လားရှိုးကြက်ကင်

တစ်နေ့တာလုံးကို ခွန်အားအပြည့်ပေးစွမ်းနိုင်မယ့် နံနက်စာကောင်းကောင်းလေးစားဖို့အတွက် နေရာအသစ်လေးတစ်ခုတွေ့ထားလို့ Foodies တို့ကိုလက်တို့ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ လားရှိုးမြို့မှာနာမည်ကြီးပြီး လူကြိုက်များပြီးသားဖြစ်တဲ့ ကြက်ကင်ဆိုင်ကို ရန်ကုန်မှာလာရောက်ဖွင့်လှစ်ထားတာကြောင့် ရှယ်ကြက်ကင်အရသာအပြင် ရှမ်းရိုးရာအစားအစာကောင်းကောင်းလေးတွေပါရနိုင်မယ့် လားရှိုးကြက်ကင်ဆိုင်ပဲဖြစ်ပါတယ်။

မြန်မာကြက်စစ်စစ်ကို မွှေးမွှေးလေးကင်ပေးထားတာကြောင့် အသားကျစ်ကျစ်အိအိလေးနဲ့ အချဉ်ရည်လေးကပါရှယ်ကောင်းတော့ အရသာရှိချက်ကလုံးဝအံ့မခမ်းပါပဲ။ အားပါးတရကိုက်စားလိုက်တိုင်း ကြက်သားမျှင်နူးနူးအိအိလေးတွေက စားပြီးရင်းထပ်ထပ်စားချင်လာအောင် အရသာခံအာရုံကို အဆက်မပြတ်လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီဆိုင်လေးရဲ့နာမည်ကြီး ရှမ်းကောက်ညင်းပေါင်းစီးစီးလေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပိုပြီးအကြိုက်တွေ့စေမှာ အသေအချာပါပဲနော်။ ရှမ်းကောက်ညင်းပေါင်းလေးကို ကြက်ကင်နဲ့တွဲမစားချင်ဘူးဆိုရင်လည်း သုံးထပ်သားကင် ၊ တို့ဟူးကြော် ၊ ဘယာကြော် ၊ ခရမ်းသီးပဲပုပ်ထောင်းတွေနဲ့ တွဲစားလို့ရသေးတယ်နော်။

ရှမ်းပြည်မြောက်ပိုင်းရဲ့ ရိုးရာလက်ရာတွေလွမ်းဆွတ်နေသူတွေအတွက်လည်း ရှမ်းရိုးရာအရသာစစ်စစ်ကို ခံစားနိုင်မယ့် ရှမ်းခေါက်ဆွဲ ၊ မြီးရှည် ၊ တို့ဟူးနွေး ၊ ကြက်ပေါင်း ၊ နံရိုးပေါင်း ၊ တောင်ကြီးဟင်းထုပ် စတာတွေရနိုင်မယ့်အပြင် မာလာဟင်း ၊ဖက်ထုပ်ကြော် ၊ ငါးသံပုရာပေါင်း ၊ ငါးပေါင်း ၊ မာလာငါးတွေကို တစ်နေကုန်ရရှိနိုင်ဦးမှာဆိုတော့ foodies တို့လုံးဝအကြိုက်တွေ့သွားစေနိုင်မယ့်ဆိုင်လေးပါနော်။

ပတ်ဝန်းကျင်သန့်ရှင်းပြီး အေးအေးချမ်းချမ်းသုံးဆောင်နိုင်သလို အရသာကလည်း စားဖူးသူတိုင်းအကြိုက်တွေ့ကြတယ်ဆိုတော့ သွားစားကြည့်လို့လုံးဝမမှားမယ့် ဆိုင်ကောင်းလေးပါ။ လားရှိုးကြက်ကင်ဆိုင်ရဲ့ လိပ်စာကတော့ ခြံအမှတ်(၇) ၊ မဂ္ဂင်လမ်းနှင့်တပင်ရွှေထီးလမ်းထောင့် ၊ ရန်ကင်းမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီကနေ ည(၈)နာရီအထိပဲဖြစ်ပါတယ်။

Image Source: www.facebook.com/lashiogrilledchicken

Leave A Comment

Your email address will not be published. Required fields are marked *