အသားတုငါးတုလေးတွေဖန်တီးပြုလုပ်ပြီး သက်သက်လွတ်ဟင်းလျာတွေချက်ပြုတ်ထားတဲ့ ဆိုင်လေး

သက်သက်လွတ်စားတယ်ဆိုတာ အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့အမျိုးပါ။ (၂)ရက်(၃)ရက်အတွက်တော့ မသိသာပေမယ့် ရက်ရှည်လတာနဲ့အမျှ သက်သက်လွတ်စားဖို့အတွက် ဟင်းအမည်တွေကို ကြံရာမရဖြစ်လာတတ်ပါတယ်။ ဒီတော့ဘာသာရေးအရ ရက်ရှည်သက်သက်လွတ်စားနေတဲ့အစားတစ်လိုင်းတို့နဲ့ အသားငါးတွေကိုရိုးအီပြီး သက်သက်လွတ်စားဖို့စိတ်အားပြင်းထန်နေသူတွေအတွက် သက်သက်လွတ်ဟင်းလျာတွေကို အမျိုးအမည်တွေရိုးအီမသွားဘဲ အရသာလည်းကောင်းတဲ့ ” လမ်းမတော်” သတ်သတ်လွတ်စားသောက်ဆိုင်အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီဆိုင်လေးရဲ့ ဟင်းနာမည်လေးတွေကိုကြားလိုက်ရင်တော့ စိတ်တွေဒွိဟဖြစ်သွားပါလိမ့်မယ် ? ဟင်းပုံစံလေးတွေမြင်ရင်လည်း သက်သက်လွတ်လို့ထင်ဖွယ်ရာမရှိပါဘူး ။ ကြက်ကုန်းဘောင် ၊ သုံးထပ်သားချိုချဉ် ၊ အူမအစာသွပ် ၊ မျှော့ချဉ်စပ်ဟင်းချို ၊ ဆိတ်မွှ ၊ ငါးပဲငပိ ၊ အစိမ်းကြော် ၊ တို့ဟူးနွေးစတဲ့ဟင်းလျာတွေကို အသားတုတွေနဲ့ဖန်တီးပြီး သက်သက်လွတ်ချက်ပြုတ်ပေးထားတာမို့ တော်တော်လေးထူးခြားတဲ့ဆိုင်လေးပါ။ ဝက်အူဆို ဝက်အူအတုပုံ ၊ ငါးဆိုရင်လည်းငါးအတုပုံ ၊ ကြက်သားဆိုလည်း ကြက်သားဖတ်အတုပုံဆိုပြီး ဆန်းဆန်းကြယ်ကြယ်လေး ဖန်တီးချက်ပြုတ်ပေးထားတာဖြစ်ပါတယ်။

အသားငါးပုံစံတုလေးတွေစားနေရတဲ့အတွက် သက်သက်လွတ်ကိုလုံးဝငြီးငွေ့သွားမှာမဟုတ်ပါဘူး။ အရသာကလည်းပြောစရာမလိုအောင် ရှယ်ကောင်းလွန်းတာမို့ တစ်ခါစားပြီးရင် တစ်သက်စွဲလမ်းသွားစေမှာ အသေအချာပါပဲ။ ဒီဆိုင်လေးကတော့ ပြည်လမ်းပေါ်က လမ်းမတော်တရုတ်သက်သက်လွတ်ဘုံကျောင်းမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ရာသက်ပန်သက်သက်လွတ်စားမယ်ဆိုရင်တောင် လုံးဝစိတ်ပူစရာမလိုတော့ပါဘူးနော်။

Leave A Comment

Your email address will not be published. Required fields are marked *